Monday, August 8, 2011
ဒါ လွယ်ပါတယ်(အပိုင်း ၁ )
Pha Tann Kwe                                                                                                   
Friday, June 10, 2011
ကျန်းမာရေး ၀န်ကြီးဌာနမှ ကျန်းမာရေးပညာပေး ဆောင်ရန် ရှောင်ရန်
ကျန်းမာရေး ၀န်ကြီးဌာနမှ ကျန်းမာရေးပညာပေး ဆောင်ရန် ရှောင်ရန်
၁.            အသည်းနဲ့ ကလီစာများသည် လုပ်ဆောင်မှုတူသည့်အပြင်
ဆက်စပ်နေကြသည် ။ ထို့ကြောင့် အသည်းတွင် တစ်ခုခုဖြစ်ပါက ကလီစာများတွင်လည်း
တစ်ခုခုဖြစ်နိုင်သည် ။ ကလီစာတွင် တစ်ခုခုဖြစ်လျှင် အသည်းတွင်လည်း
ထိခိုက်နိုင်သည် ။
၂.            အသည်းမှာ ဒါဏ်ရာအနာတရဖြစ်ပါက သာမန်အားဖြင့် မခံစားရပါ ။
မည်သည့်နည်းနှင့်မှ မသိနိုင်ပါ ။ကင်ဆာအတော်များများ မဖြစ်ခင်တွင်
အသည်းသည် အရင်ဆုံး ပျက်စီးရသည် ။ ထို့ကြောင့် အသည်းကို သေသေချာချာ
ဂရုစိုက်ပါက ကင်ဆာရောဂါကိုလည်း ကာကွယ်နိုင်ပေသည် ။
၃.            အသည်းသည် ကိုယ်ခန္ဓာ တစ်ခုလုံး၏ အဆိပ်အတောက်များကို
ဖယ်ရှားပေးရသည် ။ ထို့ပြင်
ကိုယ်ခန္ဓာအတွင်းရှိဗိုင်းရပ်(စ်
)ပိုးများကိုလည်း တိုက်ခိုက်ရသည် ။
၎.            တရုတ် လူမျိုး ၉၀ ရာခိုင်နှုန်းသည် အသည်းမကောင်းကြပါ ။
အဘယ်ကြောင့်ဆိုသော် ၄င်းတို့တွင် အသားနှင့် အဆီ
စားသုံးမှုများခြင်းကြောင့် ဖြစ်သည် ။
၅.            အသည်းသည်  ၂၄ နာရီပတ်လုံး အလုပ်လုပ်သည်ဟု ဆိုသော်လည်း
၎င်းကိုယ်တိုင်လည်း ဆားဗစ်စင် ပြန်လုပ်ရသည် ။ ထိုအချိန်သည် ၊ ည (၁၁) နာရီ
မှ မနက်စောစော (၃) နာရီ ကြားတွင် ဖြစ်သည် ။ ထို့ကြောင့် ည (၁၁) နာရီ
နောက်ပိုင်းမှ အိပ်ခြင်း ၊ ညစာကို နောက်ကျမှ စားခြင်းသည်  အသည်းကို
အားနည်းစေသည် ။ ထို့ပြင် မအိပ်ခင် (၂) နာရီ အတွင်း အသားနှင့် အဆီများ
စားခြင်းသည် အသည်းကို အားနည်းစေသည် ။ အဘယ်ကြောင့်ဆိုသော် စားသုံးထားသော
အဆီများကို ချေဖျက်နေရသောကြောင့် အသည်းသည် နားချိန်မရဘဲ အလုပ်လုပ်နေရသည်
။ ညအိပ်ယာဝင်နောက်ကျသဖြင့် မနက်တွင် နေမြင့်သည်အထိ အိပ်စက်ခြင်း ၊
နေ့လည်စာ မစားခင် တရေးအိပ်ခြင်းတို့သည် အိပ်ရေးဝရုံသာရှိသော်လည်း ၊
အသည်းအတွက် မည်သို့ အကျိုးမျှ မရရှိစေပါ ။
၆.            အကယ်၍ ည အိပ်ယာဝင်ခါနီးတွင် ဗိုက်ဆာပါက ၊ အသီးအနှံ
စားသုံးနိုင်ပါသည် ။ ထိုအစာများသည် အစာကျေလွယ်သည် ။ အသားသည် စားသုံးပြီး
(၄)နာရီကြာမှ အူမကြီးသို့ ရောက်သည် ။ထိုအသားကိုပင် အဆီများများနှင့်
ချက်ထားပါက (၁၂)နာရီကြာမှ အူမကြီးထဲသို့ ရောက်သည် ။ ထို့ကြောင့် ည
အိပ်ယာဝင်ခါနီးတွင် ထိုအရာများ မစားသုံးသင့်ပေ ။အကယ်၍ စားသုံးမိပါက အသည်း
သည် ထို အဆိပ်အတောက်များ ကို ဖယ်ရှားနေရသောကြောင့် မနားရပေ ။ မနက်စောစော
အိပ်ယာထစာတွင် ပင်ပန်းသည်ဟု ခံစားရခြင်းမှာ အထက်ပါ
အကြောင်းများ၏ရလာဒ်ဖြစ်သည် ။ ထို့ကြောင့် ည အိပ်ယာဝင်ခါနီးတွင်
အသီးအနှံစားပါက မနက် အိပ်ယာထတွင် အားအင်ပြည့်ဖြိုး လန်းဆန်းနေပါမည် ။
၇.            အဆီသည်  အသည်း၏ အဓိက ရန်သူဖြစ်သည် ။ အဆီသည် အသည်း၏
လုပ်ငန်းများကို ပျက်စီးစေပြီး အသည်းကိုလည်း အားနည်းစေသည် ။
ဆေးစားခြင်းဖြင့်လည်း  အသည်းကို ပြန်လည်ကောင်းမွန်အောင် မလုပ်နိုင်ပေ ။
ဆေးတွင်ပါဝင်သော အခြားဓာတု ဒြပ်ပေါင်းများကို အသည်းက ထပ်မံ ချေဖျက်နေရသည်။
၈.            သံလွင်ဆီ ၊ မုန်လာဥ ၊ သခွားသီး ၊ ငရုပ်သီးစိမ်း ၊
ကြက်သွန်ဖြူ ၊ ကြက်သွန်နီ ၊ ဆား ၊ ရွှေဖရုံသီးနှင့် အရိုးပါ စားနိုင်သော
ငါးကလေးများသည် ၊ ခန္ဓာကိုယ်အတွက်ကောင်းမွန်သော အစာများဖြစ်သည် ။ နှမ်းဆီ
သည်လည်း ခန္ဓာကိုယ်အတွက် ကောင်းမွန်သည် ။
၉.            အစာကို  ကြာရှည်ခံစေသော ဓါတုဆေး ၊ အရောင်တင်ဆေးနှင့်
ကြာဆံသည် အလျူမီနီယံ ဓါတ်ပါခြင်းကြောင့် မကောင်းပါ ။ ပိုးသတ်ဆေးနှင့်
အရောင်ချွတ်ဆေးသည် အသည်းအတွက် မကောင်းပါ ။ ဆေးစားမှားခြင်းကြောင့်
အသည်းကို ပျက်စီးစေသည် ။ ကျူံ့သွားစေသည် ။ မိုက်ခရိုဝေ့ မီးဖိုက
ရောင်ခြည်သည် ၊ အစားအစာတွင် ပါဝင်သော အာဟာရဓါတ်အားလုံးကို ပျက်စီးစေသည် ။
၁၀.            အင်္ဂလိပ်ဆေးဝါးများသည် ဓါတုနည်းနှင့် ဖော်စပ်ထားသောကြောင့်
 အသည်းအတွက် မကောင်းပါ ။ တရုတ်ဆေးများသည် ကျောက်ကပ်အတွက် မကောင်းပါ ။
မုန်လာဥဖြူက  တရုတ်ဆေးတွင် ပါဝင်သော ဆေးစွမ်းကို ဖျက်ဆီးသည် ။
၁၁.            ကလေးများ အိပ်ယာဝင်နောက်ကျခြင်းသည် မှတ်ဥာဏ်နှင့်
စဉ်းစားဥာဏ် ကို အားနည်းစေသည် ။
၁၂.           အကောင်းဆုံး အိပ်ချိန်သည် ည (၉) နာရီနှင့် (၁၁)
နာရီကြားတွင် ဖြစ်သည် ။ များများအိပ်ခြင်းဖြင့်  အသည်းကို
ကောင်းမွန်စေသည် ။ နလံထစ လူနာများသည် အိပ်ရေးဝအောင် အိပ်ရသည် ။
၁၃.           သဘာဝ အစားအစာများသည် အသည်းအတွက်ကောင်းမွန်သည် ။ စည်သွပ်ဗူး
စားသုံးခြင်း ၊ စည်သွပ် အချိုရည်သောက်သုံးခြင်း များသည် အာဟာရ မဖြစ်ပါ ။
၁၄.           စိတ်ဓါတ်နှင့် ခံစားမှု ညီမျှနေရန် အရေးကြီးသည် ။
စိတ်ဖိစီးမှုများခြင်း ၊ အသံ ဆူညံခြင်း ၊ ဒေါသထွက်ခြင်း ၊ ကြာရှည်စွာ
အောင့်အည်းသည်းခံခြင်း ၊ အဆိုးမြင်ဝါဒ ၊ စိတ်ကျရောဂါ ၊ ရည်ရွယ်ချက်မဲ့ ဘဝ
၊ တန်ဖိုးမရှိသော ဘ၀နှင့် လူတကာကို အပြစ်တင်တတ်သော စိတ်များသည် ၊
ခန္ဓာကိုယ်ကို အားနည်းစေသည် ။ လူတစ်ယောက်၏အသည်းသည် မကျန်းမာပါက ထိုလူသည် ၊
ဒေါသထွက်လွယ်ခြင်း ၊ စိတ်တိုခြင်း ၊ စိတ်ကောက်လွယ်ခြင်းများကို
ဖြစ်ပေါ်ခံစားရသည် ။
၁၅.          လေလည်ခြင်း ၊ ချွေးထွက်ခြင်း ၊ ဆီးသွားခြင်းတို့သည်
ခန္ဓာကိုယ်အတွင်းရှိအညစ်အကြေးများကို စွန့်ပစ်ခြင်းပင် ဖြစ်သည် ။
လေအေးခန်းထဲတွင် ကြာရှည် နေပြီး ချွေးထွက်နည်းပါက ကျန်းမာရေး
မကောင်းနိုင်ပါ ။ သဘာဝအရ လေလည်ခြင်း ၊ ချွေးထွက်ခြင်းနှင့်
ဆီးသွားခြင်းများသည် အသည်းအတွက်ကောင်းစေသည် ။ ပြူတင်းပေါက်များကို ဖွင့်၍
သဘာဝလေကောင်းလေသန့်များကို ရှုသင့်သည် ။
၁၆.          ခန္ဓာကိုယ် တစ်နေရာ ရာတွင် အနာတရဖြစ်ပါက နွေးအောင်
ပြုလုပ်ပေးခြင်းဖြင့် နာကျင်ခြင်းကို လျော့ပါးသွားစေပါသည် ။
ရေနွေးကန်တွင် စိမ်ခြင်းသည်လည်း ကျန်းမာရေးအတွက်ကောင်းပါသည် ။ သို့သော်
နှလုံးရောဂါရှိသူများ သတိထားရန်မှာ ၊ ရေနွေးကန်ထဲစိမ်ခြင်းလျှင်
ရင်ဘတ်ကို မစိမ်မိပါစေနှင့် ။ အဘယ်ကြောင့်ဆိုသော် အပူဓါတ်သည် နှလုံးပို၍
အလုပ်လုပ်စေသဖြင့် နှလုံးအတွက် မကောင်းပါ ။
၁၇.          ဆန်လုံးတီး ၊ ဂျူံကြမ်း ၊ ကွေကာအုတ် ၊ ကန်စွန်းဥ ၊ ပိန်းဥ
နှင့် ပြောင်းဖူး စသည်တို့ စားသုံးခြင်းသည် ၊ ကျန်းမာရေးအတွက်
ကောင်းပါသည် ။
၁၈.            သွေးအုပ်စု အေ အမျိုးအစားရှိသူများသည် ၊ ကင်ဆာရောဂါ
ဖြစ်ရန် အလားအလာများသည် ။ ထို့ပြင် သွေးအုပ်စု အို
အမျိုးအစားရှိသူများသည် အသည်းရောဂါဖြစ်နိုင်ရန် အခွင့်အရေးများသည် ။
၁၉.           မိန်းမများသည် ပို၍ အသက်ရှည်ကြသည် ။ အဘယ်ကြောင့် ဆိုသော်
မိန်းမတို့ သဘာဝ ရာသီသွေးလာခြင်းဖြင့် ခန္ဓာကိုယ်အတွင်းမှ အညစ်အကြေးနှင့်
ဒေါသကို မှန်မှန် စွန့်ထုတ်၍ စိတ်ဓါတ်ကို ပို၍ တည်ငြိမ်စေသည် ။
၂၀.          ၀သော သူများသည် ပုံမှန်အားဖြင့် အစားအစာ
တရားလွန်စားကြသည့်အတွက် အသည်း ၊ နှလုံးနှင့် အူလမ်းကြောင်းတွင် မကျန်းမမာ
ဖြစ်တတ်သည် ။ နှလုံးကို ထိခိုက်လျှင် ပုံမှန်အားဖြင့် သွေးဖိအားလည်း
ထိခိုက်ပြီး သွေးတိုးရောဂါ ဖြစ်တတ်သည် ။
၂၁.          အစာအိမ် ရောဂါ ရှိသူများသည်လည်း အစာများများနှင့်
အဆီများများ စားခြင်းနှင့် ပတ်သက်သည် ။
၂၂.          နှလုံးနှင့် သားအိမ်သည် ဆက်နေသည် ။ တစ်နေ့လျှင် ရေ (၂)
ပုလင်းမှ (၃) ပုလင်း မှန်မှန် သောက်ပေးခြင်းဖြင့် ကျန်းမာစေသည် ။
၂၃.          မလိုအပ်ဘဲ အိပ်စရေး (X-ray) ရိုက်ခြင်း  (C.T. Scan )
လုပ်ခြင်းတို့ကို မလုပ်ပါနှင့် ။ ကိုယ်ခန္ဓာကို ထိခိုက်စေပါသည် ။ နှစ်စဉ်
ပုံမှန် ဆေးစစ်ခြင်းဖြင့် ကင်ဆာရောဂါနှင့် တခြားရောဂါများကို မသိနိုင်ပါ
။ ပုံမှန် ဆေးစစ်၍ သိရသော အချိန်တွင် ၊ ရောဂါအများစုသည်
ရောဂါရင့်နေကြပေပြီ ။ မည်သည့် ရောဂါဖြစ်စေ ခွဲစိတ်မည်ဆိုလျှင် ၊
ဆရာဝန်(၂)ဦး ၊ သို့မဟုတ် ၊ (၃) ဦးနှင့် တိုင်ပင်ဆွေးနွေးပြီး
အကြံဥာဏ်တောင်းပါ ။ အသည်းရောဂါဖြစ်လျှင် ၊ အင်္ဂလိပ်ဆေးမစားဘဲ သေချာစွာ
အနားယူပါ ။
၂၄.          အသီးအရွက်မှ ဗီတာမင်စီ ( Vitamin-C ) သည် ခန္ဓာကိုယ်အတွင်းမှ
အဆိပ်အတောက်များကို ထုတ်ပစ်ရာ၌ အလွန် အသုံးဝင်သည် ။
၂၅.          နံနက်စောစော (၅) နာရီနှင့် (၇) နာရီ ကြားအချိန်သည် မစင်
စွန့်ခြင်းအတွက် အကောင်းဆုံးအချိန် ဖြစ်သည် ။ သို့မဟုတ်လျှင် အူသိမ်သည်
မစင်မှ အဆိပ်အတောက်ကို စုပ်ယူပေလိမ့်မည် ။ ထိုအကြောင်းများကြောင့်
ဝမ်းချူပ်သူများ နေထိုင်မကောင်းကြခြင်းဖြစ်သည် ။
၂၆.          သည်းခြေတွင် ကျောက်တည်ခြင်း ၊ အသည်းနှင့် ဦးနှောက်တွင်
ကျောက်တည်ခြင်းများသည် အသားနှင့် အဆီမှ အဆိပ်အတောက်များကြောင့်
ဖြစ်ပေါ်လာခြင်းဖြစ်သည် ။
၂၇.          ကယ်လ်စီယမ် ( ထုံး၊ ဂေါ်ဖီပန်း ၊ သဘောင်္သီး ) နှင့် သံဓါတ် ၊
(ထန်းလျက် ၊ ဟင်းနုနွယ် )  စသည်တို့သည် ၊ သည်းခြေနှင့် ကျောက်ကပ်ကို
သန်မာစေသည် ။
၂၈.          မျက်စိဝါနေလျှင် အသည်းနှင့် သည်းခြေတွင် ပြဿနာရှိသည် ။
၂၉.          အနီရောင်ရှိသော အသီးအရွက်များသည် ဦးနှောက်နှင့်
နှလုံးအတွက်ကောင်း၏ ။  အ၀ါရောင် ရှိသော အသီးအရွက်များသည်
အစာချေခြင်းအတွက်ကောင်း၏ ။
၃၀.          သွေးပေါင်နည်းနေသော်လည်း နေထိုင်ကောင်းနေလျှင် မစိုးရိမ်ရပါ ။
၃၁.          မျက်နှာတွင် ၀က်ခြံ ထွက်ပေါ်လာခြင်းသည် သွေးထဲမှ
အဆိပ်အတောက်များကို မဖယ်ရှားနိုင်ခြင်း လက္ခဏာ တစ်ရပ်ပင် ဖြစ်သည် ။
၃၂.          နံနက်စောစော အချိန်တွင် လေ့ကျင့်ခန်းလုပ်ခြင်းသည်
အကောင်းဆုံးဖြစ်သည် ။ အဘယ်ကြောင့်ဆိုသော် သစ်ပင်ပန်းမာလ်များမှ
အောက်ဆီဂျင်ကို နံနက်ပိုင်းတွင် အများဆုံးရခြင်းကြောင့် ဖြစ်သည် ။
ညနေခင်းအချိန်တွင် သစ်ပင်များမှ ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်သည့်အတွက်
လေ့ကျင့်ခန်းလုပ်ရန် မသင့်လျှော်ပါ ။
၃၃.          ခေါင်းကိုက်ခြင်းသည် နှလုံးမှ သွေးများတွင် အောက်ဆီဂျင်
ပမာဏ နည်းပါးနေခြင်းကို ပြသသော ရောဂါ လက္ခဏာ တစ်ရပ် ဖြစ်သည် ။
၃၄.          မျက်ကွင်းညိုခြင်းသည် အသည်းနှင့် ကျောက်ကပ်
အားနည်းနေခြင်းကို ပြသည် ။ ထိုအတွက်ကြောင့် ညဉ့်နက်သန်းခေါင်
အလုပ်လုပ်သူများ အသည်းအနားမရ၍ မျက်ကွင်းညိုကြခြင်းဖြစ်သည် ။
၃၅.          ရင်သားနှင့် ဆီးကျိတ်ကင်ဆာ ရှိသူများ ငန်သောအစားအစာနှင့်
ပင်လယ်မျှော့ စားသုံးခြင်းကို ရှောင်ကြဉ်ရပါမည် ။
ကျန်းမာရေးအတွက် အာယုဒါန ပြုပါသည် ။ ေ၀ေနယ် သတၱ၀ါ အားလံုး
ကိုယ်စိတ်နှစ်ပါး ကျန်းမာ၍ ချမ်းသာကြပါစေ ။
--
With Metta-
Ko Sukha
Monday, June 6, 2011
အနာဂတ်မြန်မာနိုင်ငံတော်
အနာဂတ်မြန်မာနိုင်ငံတော်
"ဘာကွ... မြန်မာငွေ ပါမလာဘူး။ ဟုတ်လား။ မင်းတို့ဆီက စင်ကာပူဒေါ်လာက ဒီမှာသုံးလို့ ရမယ်ထင်လို့လားကွ။" လူဝင်မှု အရာရှိ၏ ဟိန်းဟောက်မှုကြောင့် အဆိုပါ စင်ကာပူသား ခေါင်းလေး ပုဝင်သွားသည်။ ထို့နောက် မြန်မာစကား မပီကလာ ပီကလာဖြင့် "ကျနော် ရှာဝယ်ပါသေးတယ်။ မရလို့ အမေရိကန် ဒေါ်လာနဲ့ ထိုင်းဘတ်ပဲ ဝယ်လာခဲ့တာပါ။ မြန်မာ အကြွေတွေတော့ နည်းနည်း ပါပါတယ်။" ဟုဆိုကာ တဆယ်ကျပ်တန် နှင့် ငါးဆယ်တန် တရွက်စီ ထုတ်ပြသည်။ ဒါနဲ့ မင်းက ဒီပိုက်ဆံလောက်နဲ့ ဘယ်မှာနေမှာတုန်း။ မှန်းစမ်း ဗီဇာလျှောက်တုန်းက ထောက်ခံသူမှာ ကြည့်လိုက်ဦးမယ်။ အော်... မင်းက ဘုန်းကြီးကျောင်းက ထောက်ခံချက်နဲ့ ဘုန်းကြီးကျောင်းမှာနေမှာပေါ့။ အခု မင်းလာတာ အလည်ဗီဇာနဲ့နော်။ အလုပ်လုပ်လို့ မရဘူး။ နားလည်တယ်နော်။ မင်းတို့ စလုံးက ကောင်တွေမပြောချင်ဘူး။ အလည်လာ ဒီမှာနေ။ တောက်တိုမယ်ရ အလုပ်လေးလျှောက်။ အခြေအနေမကောင်းရင် ခဏပြန်ထွက် ပြီးရင်ပြန်ဝင်။ ဒီကြားထဲ အိုဗာစတေးတွေလဲ မနည်းဘူး။ ကဲ.. ကဲ... သွားတော့။ လူဝင်မှု အရာရှိရှေ့မှ စင်ကာပူသား ခေါင်းလေးငုံ့ကာဖြင့် ရိုရိုကျိုးကျိုးလျှောက်သွားသည် ။ ကျနော်လဲ ဘေးမှကြည့်နေမိသည်။ အော်.. တော်တော်ခက်တဲ့ စလုံးသားပဲ မအူမလည်နဲ့။ ကျနော်တို့လို နိုင်ငံသားများအတွက်က လွယ်သည်။ ID Card ကို တင်ပေးလိုက်သည်နှင့် အချက်အလက်များအားလုံးယူပြီးသားဖြစ်သွားသည်။ ထိုနောက် အလိုအလျောက် Update လုပ်သည့် စက်ထဲ ပတ်စ်ပို့ ထည့်လိုက်လျှင် တံဆိပ်တုံး ထုပြီးသားဖြစ်သွားသည်။ လူနဲ့ စကားပြောစရာမလို။ ဒါကြောင့် နိုင်ငံသားနဲ့ နိုင်ငံခြားသား ခွဲပြီး တန်းစီခိုင်းခြင်းဖြစ်သည်။ အေးလေ... မြန်မာနိုင်ငံထဲ ဝင်လာလို့ ရတယ်ဆိုတာ နည်းတဲ့ အခွင့်အရေးမှ မဟုတ်တာ။ အကြံအဖန်တွေကလဲ အများသား မဟုတ်လား။ ဒီတော့လဲ.... ဒီလောက်တော့ စစ်ဆေးရမှာပေါ့။ စက်ကတော့ အကြံအဖန်က မစစ်နိုင်ဘူးလေ... လွန်ခဲ့သော နှစ် (၅၀)ခန့်က... အိုစမာဘင်လာဒင်ဆိုသော အကြမ်းဖက်သမားကြီးသေပြီးနောက် သူ့အဖွဲ့မှလူများက အမေရိကန်ကိုလက်စားချေမည်ဆိုကာ အီရန်မှ ခိုးလာသော ယူရေနီယမ်များကိုသုံးကာ အမေရိကန်ရှိ မြို့ (၁၅)မြို့ကို အဏုမြူဗုံးခွဲလေတော့သည်။ ထိုအထဲတွင် အဏုမြူထိပ်ဖူးများသိုလှောင်သော လက်နက်ရုံလဲ ပါသွားရာ နိုင်ငံတခြမ်း ပြုတ်ပြုတ်ပြုန်းလေတော့သည်။ ထိုအဖြစ်အပျက်ကြောင့် အီရန်ကို အမေရိကန်က ဟိုက်ဒရိုဂျင်ဗုံးကြဲချရာ အီရန်က လက်လှမ်းမှီရာ အိမ်နီးချင်းနိုင်ငံများတွင် တပ်စွဲထားသော အမေရိကန်များနှင့် အစ္စရေးကို အဏုမြူလက်နက်၊ ဓာတုလက်နက်များဖြင့် ပြန်တိုက်ရာ အရှေ့အလယ်ပိုင်းတခွင် စစ်မြေပြင်ဖြစ်ကာ ပြာပုံအတိဖြစ်တော့သည်။ ထိုနောက်ပိုင်းတွင် အာရပ်နိုင်ငံများတွင် အစွန်းရောက်ဝါဒီများ တက်လာပြီး ထိုသို့ စစ်ဖြစ်ရသည်မှာ ဥရောပကြောင့်ဟု စွပ်စွဲပြီး အီးယူနှင့် နေတိုးကို စစ်ကြေငြာတော့သည်။ ဗြိတိန်နှင့် ရန်စရှိသော အာဂျင်တီးနားက ဘရာဇီးကို စည်းရုံးပြီး အာရပ်နိုင်ငံများဖက်မှ မဟာမိတ်လုပ်သည်။ စစ်တို့၏ ထုံးစံအတိုင်း ပါဝင်သူ နိုင်ငံအားလုံး ပြာပုံသာသာ ဖြစ်ကျန်ခဲ့တော့သည်။ ထိုသို့ စစ်ကြီးပြီးစမှာပင် ငလျင် အလှုပ်များသော အာတိတ်မီးစက်ဝန်း(Arctic ring of Fire) တွင် ပြင်းအားအဆင့် ၁၈ ရှိသော ငလျင်ကြီးလှုပ်ရာ ဆူနာမီကြောင့် သြစတြေးလျတိုက်နှင့် အာရှ အရှေ့ပိုင်းကုန်လေသည်။ ဂျပန်ဆိုရင် လှိုင်းလုံးကြီးသည် ကျွန်းအရှေ့မှ အနောက်သို့တိုင် ဖြတ်သွားလေသည်။ အီရန် စစ်ပွဲနှင့်အတူ နူကလီးယား လက်နက်များပြန့်ပွားသွားရာ ချေချင်းညာရှိ ခွဲထွက်ရေး သူပုန်များက ရုရှကိုလည်းကောင်း၊ တိဘက်မှ တရုတ်ကိုလည်းကောင်း၊ ပါကစ္စတန်နှင့် အိန္ဒိယက အချင်းချင်းလည်းကောင်း အသီးသီး တွယ်လိုက်ရာ ကမ္ဘာပေါ်တွင် နိုင်ငံတော်တော်များများပြာကျကုန်သည်။ စင်ကာပူဆိုလျှင်လည်း ဆူနာမီလှိုင်းလုံးကြီးက တကျွန်းလုံးကို ဖြတ်အုပ်သွားရာ တနိုင်ငံလုံး ဖြူကာပြာကာ ကျသွားသည်။ ထို့နောက်တွင်မတော့ အကောင်းပကိကျန်တာဆိုလို့ အာဖရိကတိုက်နှင့် အရှေ့တောင် အာရှနိုင်ငံအနည်းငယ်ပဲကျန်တော့သည်။ အာဖရိက အနေဖြင့်လဲ အခြေခံ အဆောက်အဦးပိုင်းမပြည့်စုံ။ ထိုင်းကလဲ ကမ္ဘောဒီးယားနဲ့ နယ်စပ်ပြဿနာဖြေရှင်းနေရာ စစ်ပွဲဖြစ်သဖြင့် တိုးတက်ရေးကို အာရုံမစိုက်နိုင်။ ထိုနောက် မြန်မာနိုင်ငံမှာ အင်အားကြီးဖြစ်လာသည်။ ကမ္ဘာစစ်ဖြစ်သဖြင့် အင်တာနက်မပျက်သော်လည်း Google, Facebook Data Center တို့မှာ စစ်ကြောင့်ပျက်စီးမှု ထဲပါသွားသဖြင့် မြန်မာနိုင်ငံမှ လူငယ်တစ်စုက "ပေါက်ပေါက်ရှာရှာ" ဟူသော အင်တာနက်ရှာဖွေရေးတည်ထောင်ရာ အောင်မြင်သဖြင့် နေ့ချင်းညချင်း ဘီလျံနာဖြစ်သွားသည်။ Facebook ပျောက်ဆုံးမှုနှင့် အတူ မြန်မာကျူးပစ်၊ မြန်မာဆိုက်ဘာမီဒီယာ စသည်တို့ နာမည်ရလာကာ အပြည်ပြည်ဆိုင်ရာသုံးဖြစ်လာကြသည်။ ယူကျု အစား မြန်မာစုဗူးစသည်ဖြင့် ကမ္ဘာ့ဈေးကွက်လိုအပ်ချက်ကို ဖြည့်ပေးနိုင်သဖြင့် မြန်မာနိုင်ငံတွင် နည်းပညာသူဌေးတွေ ပေါလာသည်။ စီးပွားရေးဘက်ကိုကြည့်ဦးမလား။ တချိန်က ရေနံအများဆုံးထွက်ခဲ့တဲ့ နိုင်ငံတွေမှာ စစ်ကြောင့် ရေနံတွင်းတွေမီးလောင်တာတောင် ကုန်အောင်မငြိမ်းနိုင်သေး။ ပိုပြီးသန့်စင်တဲ့ သဘာဝဓာတ်ငွေ့ကလဲ မြန်မာနိုင်ငံမှာ အလျှံပယ်ထွက်နေသဖြင့် မြန်မာ့စီးပွားရေးမှာ မိုးထိအောင် ထောင်တက်တော့သည်။ ဂျပန်နှင့် တရုတ်မှ ကားထုတ်မည်ဆိုကာ မြန်မာနိုင်ငံတွင် စက်ရုံဆောက်ပြီးကာမှာ နှစ်နိုင်ငံစလုံး ပြာကျသွားဖြင့် ကမ္ဘာ့အကြီးဆုံး ကားစက်ရုံကြီးမှာ မြန်မာနိုင်ငံတွင်သာတည်ရှိတော့သည်။ အရင်က စက်မှုဇုန်များမှာလဲ ကားစက်ရုံများဖြစ်နေကြပြီ။ ကျွမ်းကျင်လုပ်သားများ လိုအပ်သဖြင့် ဂျပန်မှ အလုပ်လက်မဲ့ဖြစ်နေသော ယခင်စက်ရုံလုပ်သားဟောင်းများမှ ကျွမ်းကျင်သူများကို မြန်မာနိုင်ငံတွင် ပြည်လည်ခေါ်ကာ ခန့်ထားရသည်။ ပထမပိုင်းတွင် ကျွမ်းကျင်လုပ်သားများလာသော်လည်း နောက်ပိုင်း အကြံအဖန်များလာသဖြင့် ဂျပန်နိုင်ငံသားများ၏ ဗီဇာကိုတင်းကျပ်ရတော့သည်။ ဒါတောင် မြန်မာနိုင်ငံမှာ အိုဗာစတေးအများစုမှာ ဂျပန်ဖြစ်နိုင်သည်။ ဂျပန်ကို အမှီလိုက်တာက ကိုရီးယား။ ဆူနာမီပြီးတာ့ သံဝေဂတွေရကာ တောင်နှင့်မြောက်ပြန်လည်ပေါင်းစည်းခဲ့သော်လည်း နှစ်နိုင်ငံစလုံးပြာဖြစ်နေသဖြင့် ဆင်းရဲတွင်းကမတက်နိုင်ဖြစ်နေရသည်။ ဒါကြောင့် ချမ်းသာသည့် မြန်မာနိုင်ငံထဲလာချင်သည့် ကိုရီးယားတွေများလာသည်။ တချိန်က မြန်မာနိုင်ငံတွင် ကိုရီးယားကားများ ခေတ်စားခဲ့သဖြင့် ကိုရီးယားသား၊ ကိုရီးယားသူချောချောလေးတွေဆိုရင် မြန်မာနိုင်ငံတွင် အလုပ်ရလွယ်သည်။ ဧည့်ကြို၊ အရောင်းဝန်ထမ်း စသည့် လူများနှင့် ဆက်ဆံရသော နေရာများတွင် ထိုကဲ့သို့ ချောချောလေးများ ထားလျှင် အဆင်ပြေ တတ်သဖြင့် ဖြစ်သည်။ သို့သော် မြန်မာစကားကို ကျွမ်းကျင်အောင် တတ်မှသာလျှင် အလုပ်ရလွယ်သည်။ ဘာကြောင့်လဲဆိုတော့ အဲဒီလို အလုပ်လိုချင်တဲ့ ဂျပန်သူ၊ ဂျပန်သားချောချောတွေ၊ ဥရောပသူ ဥရောပသားချောချောတွေကလည်း တန်းစီနေသောကြောင့်ဖြစ်သည်။ ထို့ကြောင့် မြန်မာနိုင်ငံတွင် အလုပ်လုပ်လိုသူများမှာ မြန်မာစကားကို ကျွမ်းကျင်ပိုင်နိုင်အောင် သင်ကြားကြရသည်။ ပညာရေးဘက်ကိုကြည့်ဦးမလား။ အထင်ကရ တက္ကသိုလ်မှန်သမျှ ပြာဖြစ်ကုန်ရာ ၁၉၂၀ ပြည့်က စဖွင့်ခဲ့သော ရန်ကုန်တက္ကသိုလ်သည်သာ ကမ္ဘာပေါ်တွင် နာမည်အကြီးဆုံး တက္ကသိုလ်ဖြစ်နေတော့သည်။ အသစ်ပြန်လည်တည်ဆောက်ထားသော အောက်စဖို့၊ ကင်းဘရစ် စသည့် အစဉ်အလာရှိသည့် တက္ကသိုလ်များမှ ထွက်မှသာလျှင် ရန်ကုန်တက္ကသိုလ်တွင် ပညာဆက်လက်သင်ကြားရန်အတွက် အရည်အချင်းစစ် စာမေးပွဲဖြေရန် အသိအမှတ်ပြုသည်။ အစဉ်အလာမရှိသည့် တက္ကသိုလ်များမှဆိုလျှင် ဟားခါးတက္ကသိုလ်၊ မြဝတီတက္ကသိုလ်၊ တာချီလိတ်တက္ကသိုလ်စသည်ဖြင့် နယ်စွန်နယ်ဖျားမှ ကျောင်းများထံတွင် အရည်အချင်းစစ် စာမေးပွဲသွားရောက်ဖြေဆိုကြရသည်။ သို့သော် နိုင်ငံတကာမှ ကျောင်းသားများကတော့ လာတက်ကြသည်။ ရန်ကုန်တက္ကသိုလ်မှ MBA ဘွဲ့ တခုရလျှင်ပင် ဘယ်နိုင်ငံမဆို အလုပ်သွားလျှောက်လျှင် ကုမ္ပဏီ ကြီးကြီးတွင် အနည်းဆုံး မန်နေဂျာ ရာထူးတော့ ကျိန်းသေရနိုင်သည်မဟုတ်လား။ တချို့ကလည်း ဘွဲ့ရလျှင် မြန်မာနိုင်ငံထဲတွင် အလုပ်ပြန်လျှောက်ကြသည်။ ရသည့် လစာကလည်း ကွာတာကိုး။ မြန်မာတွင်အလုပ်ရပါက မိခင်နိုင်ငံရှိအိမ်ကို ငွေပြန်ပို့နိုင်ပြီး ဖောဖောသီသီ သုံးစွဲနိုင်မည်ဖြစ်သည်။ တချိန်က နာမည်ကြီးခဲ့တဲ့ Microsoft, Apple ဆိုတာတွေကို မြန်မာနိုင်ငံမှ နည်းပညာသူဌေးများက ဝယ်ယူလိုက်သည်။ အမေရိကန်တွင် ရုံးခွဲအဆင့်လောက်သာ ဖွင့်ထားတော့သည်။ ရေမြင့်လျှင် ကြာတင့်ဆိုသလို မြန်မာနိုင်ငံသားများလည်း မျက်နှာပွင့်တော့သည်။ ကမ္ဘာ့နိုင်ငံတိုင်းသည် မြန်မာပတ်စ်ပို့ကို ဆိုက်ရောက်ဗီဇာပေးထားသည်။ ဘာမှကြိုလျှောက်စရာမလို ရောက်တာနဲ့ immigration ကိုဝင် ပတ်စ်ပို့ ပြလိုက်သည်နှင့် အိုကေ။ ရှိုးမန်းနီး ဘာညာပြစရာမလို၊ နိုင်ငံသားတိုင်းတွင် ပတ်စ်ပို့ နံပါတ်တခုစီအတွက် ဘဏ်အကောင့်ရှိထားပြီသား။ ဘယ်နိုင်ငံ ဘယ်ဘဏ်မှာမဆို ပိုက်ဆံထုတ်လို့ရသည်။ ကမ္ဘာ့ဘဏ်ကလည်း ငွေကြေးယူနစ်ကို ကျပ်ဖြင့်သာ တွက်၍ပြောတော့သည်။ ဘယ်နိုင်ငံသွားသွား ပတ်စ်ပို့ အနီရောင်လေး မြင်လိုက်တာနဲ့ အိုကေ။ မြန်မာနိုင်ငံသားများကလည်း တချိန်က နာမည်ကြီးခဲ့သော အမေရိကန်ကို သွားလည်လေ့ရှိသည်။ စစ်ကြောင့် ပျက်စီးခဲ့သည့် အပျက်အစီးများကို အမှတ်တရသွားကြည့်ကြခြင်းဖြစ်သည်။ အမေရိကန်များသည် ပတ်စ်ပို့ အနီရောင်မြင်လျှင်လန့်လေ့ရှိသည်။ သူတို့စီးပွားရေး လုပ်ငန်းများ၏ သူဌေးတော်တော်များများမှာ မြန်မာနိုင်ငံမှဖြစ်ကြသောကြောင့် ဖြစ်သည်။ တော်သေးတာတခုက မြန်မာနိုင်ငံက အမေရိကန်ဒေါ်လာကို လက်ခံနေသေးတာပင်။ ဒေါ်လာ၊ ပေါင်၊ ယူရိုစသည့် တို့နှင့် အိမ်နီးချင်းထိုင်းနိုင်ငံ ငွေကြေးလောက်သာ မြန်မာက လက်ခံသည်။ ဒါတောင် Currency Exchange မှာလဲပြီးသုံးရသည်။ တိုက်ရိုက်သုံး၍မရ။ မြန်မာကျပ်ကတော့ ဘယ်နိုင်ငံမဆို လဲ၍လည်းရ၊ တိုက်ရိုက်သုံး၍လည်းရသည်။ မြန်မာနိုင်ငံသားမျာ မျက်နှာပွင့်သလောက် မြန်မာနိုင်ငံထဲ ဝင်ချင်သူများအဖို့ အတော်ခက်ခဲသည်။ နိုင်ငံအတွင်းရှိ နိုင်ငံသားတယောက်က ထောက်ခံပေးမှသာလျှင် ဗီဇာရနိုင်သည်။ ဗုဒ္ဓဘာသာဝင်ဖြစ်သူများအဖို့ ဘုန်ကြီးများဆီ အပူကပ်ကာ ဗီဇာရအောင်လျှောက်ပြီး နေလျှင်လည်း ဘုန်းကြီးကျောင်းတွင်နေလေ့ရှိသည်။ သို့သော် သူတို့ အပြောအရ မြန်မာနိုင်ငံရှိ ဘုန်းကြီးကျောင်းများမှာ ဂျပန်၊ အမေရိကန် နှင့် အင်္ဂလန်ရှိ ဟော်တယ်များထက် ပိုသာသည်ဟုဆိုကြသည်။ ဗီဇာက တလခန့်သာရလေ့ရှိရာ ထိုအတောအတွင်း အလုပ်လေးတခုရအောင် လျှောက်ကြရသည်။ ယခင်က ဘုန်းကြီး ကပ္ပိယလုပ်လိုသူများအတွက် ကပ္ပိယဗီဇာပေးသော်လည်း အကြံအဖန်များလာသဖြင့် ထိုဗီဇာထုတ်ပေးခြင်းကို ရပ်နားထားရသည်။ ယခင်က အာဆီယံ နိုင်ငံအဖွဲ့ဝင်များကို ဗီဇာစည်ကမ်းများလျော့ပေါ့ပေးရာ စင်ကာပူ၊ မလေးမှ အကြံအဖန်များဝင်လာခြင်း၊ အိုဗာစတေးများ များလာခြင်းတို့ကြောင့် ပြန်လည်တင်းကျပ်ရသည်။ မလေးကကောင်တွေဆိုပိုဆိုး မြန်မာစကားလဲ ကောင်းကောင်းမတတ်၊ ရှိုးမန်းနီးလဲ မပါသလောက်၊ လာတော့ တိုးရစ်ဗီဇာ။ ဒါကြောင့် ဟိုတလောက ဂျာနယ်မှာဖတ်လိုက်ရတာ လေဆိပ်ကပြန်လွှတ်ရတာ အယောက် ၂သောင်းကျော်သွားပြီဆိုပဲ။ ခုနက စလုံးသားလောက် မြန်မာစကားပြောတတ်မှ အလုပ်ရနိုင်သည်။ မဟုတ်လို့ကတော့ လာပြီး ငွေကုန်လူမောတာပဲ အဖတ်တင်မယ်။ အားကစားဘက်ကိုကြည့်ဦးမလား။ လစာအကောင်းဆုံးရသည့် နေရာဆိုလို့ Myanmar National League (MNL) သာရှိသဖြင့် ဘရာဇီး၊ အာဂျင်တီးနား၊ ဂျာမနီစသည်တို့မှ ဘောလုံးသမားအားလုံး လာရောက်ကစားရသည်။ MNL တွင် လာမကစားဖူးလျှင် ကမ္ဘာ့အဆင့် ဘောလုံးသမားဟု မသတ်မှတ်ကြ။ ထိုဘောလုံးသမားများကလည်း မြန်မာနိုင်ငံသားဖြစ်လိုကြသဖြင့် အလုအယက်လျှောက်ထားနေကြရာ ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားတိုင်းသည် မြန်မာနိုင်ငံသားများပင်ဖြစ်သည်။ ကမ္ဘာ့ဖလားပွဲကိုလည်း အခြားနိုင်ငံများတွင် လက်ခံကျင်းပနိုင်လောက်အောင် ပြည့်စုံခြင်းမရှိသဖြင့် မြန်မာနိုင်ငံတွင် လက်ခံကျင်းပရသည်မှာ (၃)ကြိမ်ဆက်ရှိပြီး ထို(၃)ကြိမ်စလုံးဗိုလ်စွဲခဲ့သည်။ ဆက်သွယ်ရေးဘက်ကိုကြည့်ဦးမလား။ တနိုင်ငံလုံးအင်တာနက်မမိတဲ့ နေရာမရှိ။ ကျိုက်ထီးရိုးဘုရားမှသည် ပူတာအို ရေခဲတောင်အထိ အင်တာနက်ရသည်။ အနှေးဆုံး 1Gbs to အမြန်ဆုံး 10Gbs အထိရသည်။ ရန်ကုန်တမြို့လုံးမှာ မြေကြီးဆိုလို့ ပန်းခြံထဲ သွားကြည့်မှပဲမြင်ရမယ်။ ကျန်တဲ့နေရာက ကတ္တရာ၊ ကွန်ကရစ်အပြည့်ခင်းထားတာ။ ကော့သောင်းမှ ပူတာအိုအထိ ကျည်ဆန်ရထားဖောက်ထားသည်။ ရန်ကုန်မြို့ထဲတွင် မောင်းသူမဲ့ တက္ကဆီများပြေးဆွဲပေးသည်။ အခြားဘယ်နိုင်ငံမှ မရှိ။ စစ်တွေဖြစ်ပြီးနောက် နူကလီးယားကြောင့်လားမသိ။ ရာသီဥတုကတော့ အတော့ကိုပြောင်းလဲလာသည်။ အတော်လဲပူလာသည်။ ခုတောင်အတော်ပူနေသည်။ "ဟေ့ကောင်... ထ... ထ....။ မင်းကလဲ မီးပျက်ပြီးမှောင်ကြီးထဲအိပ်နေတယ်။" သူငယ်ချင်းဖြစ်သူ၏ လှုပ်နိုးမှုကြောင့်နိုးသွားသည်။ အော်... အင်တာနက်က 10MB လောက်ရှိတဲ့ ဖိုင်ကြီး ဒေါင်းလုပ်ဆွဲတာ စောင့်ရင်းအိပ်ပျော်သွားတာ အိပ်မက်တွေတောင်မက်နေတယ်။ မင်းကိုလာပြောတာ မြန်မာအသင်း ဒီနေ့ပွဲရှုံးပြီး အုပ်စုကလှည့်ပြန်လာရပြီလို့။ ပြောပြောဆိုဆိုနဲ့ သူကပြန်သွားသည်။ အော်... မီးက ပျက်နေတယ်။ ဘောပွဲလဲရှုံးပြီ။ တော်ပြီကွာ.... အိပ်တာပဲကောင်းပါတယ်။ အိပ်မက်ပဲစိတ်ချမ်းသာတယ်...... အားလုံး အိပ်မက်လှလှမက်ပါစေ.....
<:<:<:<:<<<:<::<:<:<:<:<<:<:<:<:<:<:<:<:<:<<:<:<:<::<<:<:<<:<:<:<:<:<:<<:<:<:<:<:<<<:<<:<::<<:<:<:<<::<:<:<:<:<:<<:<<:<:<:<:<:<:<<:<:<:<:<:<:<:<:
                                                                                      ~x~x~x~x~x~x~x~x~x~x~
Have a nice day! <3
Annonymous
Wednesday, April 20, 2011
“စောက်ချိုးမပြေ”
“စောက်ချိုးမပြေ”
နွားပြာကြီးများလို အထာမကျ
တဖက်စောင်းနင်းကြတဲ့
ဟောဒီ လိပ်လောကကြီးမှာ
အဆီအငေါ် မတည့်တဲ့
အတ္တမှော်တွေ များနေသရွေ့
ငါဟာ..
စောက်ချိုးမပြေတဲ့ကောင် ဖြစ်တယ်..
ယောလေး….
Friday, April 1, 2011
ငရဲပြည်
အမှန်ဟုတ် မဟုတ်တော့ ကျနော်လည်း မသိပါ။ ဖော်ဝပ်မေလ်းမှ တဆင့်ဖော်ပြပါသည်။
ငရဲကြီး ၈ ထပ်ရှိတာကိုအာရှနဲ့အရှေ့တောင်အာ
ရှနိုင်ငံတွေက
ပိုမိုယုံကြည်သက်ဝင်လေ့ရှိတတ်ပါတယ်။ကျွန်တော်တို့မြေကြီးရဲ့ မြေအောက်လွှာတွေရဲ့
ရွေလျားမှုအကြောင်းလေ့လာတဲ့ ဆိုဗီယက်နိုင်ငံက ဘူမိဗေဒပညာရှင်များနှင့် ပြည်ပမှ
ငှါးရမ်းထားတဲ့ ဖင်လန်နိုင်ငံနဲ့နော်ဝေးနိုင်ငံမှ
ဘူမိဗေဒပညာရှင်များကပူပေါင်းပြီး၊ဆိုဗီယက်နိုင်ငံဆိုက်ဗေးရီးယားနယ်စွန်တစ်နေရာမှာ
မြေအောက်ဆိုက်စမစ်တူးဖော်နည်းနှင့် တူးခဲ့ကြပါတယ်။ပိုက်လုံးတွေချပြီး
တူးကြရင်းက မြေအောက်အနက်ကိုးမိုင်အရောက်မှာ ဇာတ်လမ်းကစတော့တာပဲ။
ပူးပေါင်းတွင်းတူးအဖွဲ့ခေါင်းဆောင်က
ဆိုဗီယက်ဘူမိဗေဒပညာရှင်ဒေါက်တာဒီမီထရီအက်ဇာကော့ဖြစ်ပါတယ်။တွင်းအနက်ကိုးမိုင်ရောက်တဲ့အခါ
တွင်းတူးတဲ့ပိုက်ဟာ ထိန်းမရအောင်တုန်ခါလာတာကိုတွေ့ရှိရပါတယ်။ဘာကြောင့်တုန်ခါသလဲ
စစ်ဆေးကြည့်တဲ့အခါ တွင်းတူးပိုက်ထိပ်ပိုင်းဟာ လေဟာနယ်လို
တွင်းခေါင်ပြင်ကျယ်ကြီးတစ်ခုကိုရောက်နေလို့ ထိမ်းမရအောင်
လှုပ်ရမ်းနေခြင်းဖြစ်တယ်လို့ဆိုပါတယ်။
အဲဒီအခါမှာတော့ လုံးဝမခံမရပ်နိုင်အောင်နာကျင်တယ်လို့ အော်ဟစ်နေကြတဲ့အသံကို
စတင်ကြားရပါတယ်။ပထမတော့
သူတို့ရဲ့တွင်းတူးစက်၊ပိုက်လုံးတွေနဲ့မြေလွှာတွေရဲ့တုန်ခါမှုအသံလို့ထင်မှတ်ထားကြပေမဲ့
သေချာစူးစမ်းပြီးနားထောင
်ကြည့်တဲ့အခါမှာတော့ ပိုက်လုံးကြားနေရတဲ့ အသံတွေဖြစ်တာကြောင့် နားတွေတောင
်မယုံနိုင်အောင်ဖြစ်ခဲ့ရတယ်လို့
်ဒေါက်တာဒီမီထရီအက်ဇာကော့ကဆိုပါတယ်။သေချာအောင်လို့အသံဖမ်းစက်ကို
တွင်းထဲချပြီးအသံဖမ်းနားထောင်တဲ့အခါမှာ
မခံမရပ်နိုင်အောင်အော်ဟစ်နေတဲ့ လူတယောက်ရဲ့အသံကို
သဲသဲကွဲကွဲစတင်ကြားလိုက်ရပါတယ်။အဲဒီအသံနဲ့အတူ လူပေါင်းများစွာ သို့မဟုတ်
သန်းပေါင်းများစွာရဲ့အော်ဟစ်ငြီးငြူနေကြတဲ့ အသံကိုလဲကြားလိုက်ရတယ်လို့ဆိုပါတယ်။
အဲ့ဒီအချိန်မှာဒေါက်တာဒီမီထရီအက်ဇာကော့အပါအ၀င် အခြားပညာရှင်တွေရော
တွင်းတူးလုပ်သားတွေပါ အံ့သြတုန်လှုပ်မှုများစွာဖြစ်ခဲ့ရပါတယ်။အဲ့ဒီအသံတွေက
ိုအလွန်ဆွဲအားကောင်းတဲ့ အသံဖမ်းစက်တွေနဲ့အသံကူးထားလိုက်ပြီးလုပ်ငန်းကို
ဆက်မလုပ်တော့ဘဲ တွင်းပေါက်ကိုအဖုံးဖုံးပြီးပိတ်ထားလိုက်ကြပါတယ်
။သူတို့ဟာငရဲပြည်ကိုတွေရှိခြင်းလို့ခံယူလိုက်ကြပါတယ်။အနိဌာရုံတွေနဲ့လူလောကကိုဆက်ပေးလိုက်ကြပြီလို့တွေ့ခဲ့ကြပါတယ်။ဒါတွေကတွင်းတူးခေါင်းဆောင်ဒေါက်တာ
ဒီမီထရီအက်ဇာကောနဲ့တွင်းတူးအဖွဲ့ဝင် နော်ဝေးနိုင်ငံ ဘူမိဗေဒပညာရှင်
ဘာနီနန်မီဒယ်အသက် ၆၅ နှစ်တို့ရဲ့ ပြောကြားချက်တွေပါ။ဒီသတင်းတွေကိ
ဖင်လန်နိုင်ငံက အင်မန်နုဆက်စတီးယားဆိုတဲ့ လစဉ်ထုတ်စာစောင်က
ရေးသားဖော်ပြခဲ့ပါတယ်။ကျွန်တော်တို့ကမ်ဘာမြေကြီးရဲ့အောက်ကိုးမိုင်မှာ
သိပ်ကိုပူလောင်တယ်လို့သိခဲ့ရပါတယ်။အခုကျွန်တို့ရောက်နေတဲ့ပူအိုက်စွတ်စိုတဲ့တောဟာ
ဖာရင်ဟိုက်အပူချိန်ဒီဂရီ၉၅ လောက်ပဲရှိပါတယ်။မြေကြီးရဲ့
အောက်ကိုးမိုင်ကွာက အပူချိန်ဒီဂရီ ဖာရင်ဟိုက်(၂၀၀၀)ရှိတယ်လို့
တွက်ချက်သိရှိရပါတယ်။သူတို့မူလခန့်မှန်းထားတဲ့အပူချိန်ထက်
ဆယ်ဆလောက်တောင်များနေတယ်လို့ တွင်းတူးအဖွဲ့ဝင် နော်ဝေးနိုင်ငံ ဘူမိဗေဒပညာရှင်
ဘာနီနန်မီဒယ်က
ဆိုပါတယ်။တွင်းတူးအဖွဲ့ဝင် နော်ဝေးနိုင်ငံ ဘူမိဗေဒပညာရှင် ဘာနီနန်မီဒယ်နှင့်
ဘူမိဗေဒပညာရှင်ချုပ်တို့ကို နော်ဝေးနိုင်ငံရဲ့အကြီးဆုံးနှင်
အောင်မြင်ကျော်ကြားမှုအရှိဆုံး
အော့ဘရမ်းဘက်စကိုက်ကီးဆိုတဲ့သတင်းစာကြီးကတွေ့ဆုံမေးမြန်း
ခဲ့ပါတယ်။
ဘာနီနန်မီဒယ်ပြောတာတွေကို သတင်းစာမှာရေးသားဖော်ပြခဲ့ကြပါတယ်။အဲဒီသတင်းစာမှာတော့
ဒီကမ်ဘာကြီးရဲ့အောက်ကိုးမိုင်အကွာမှာ
ငရဲပြည်ဆိုတာတကယ်ရှိနေပြီ။တွင်းတူးတွေ့ရှိချက်အရငရဲပြည်ရဲ့ဂိတ်ပေါက်တံခါးဝပဲဟု
ရေးသားခဲ့ကြပါတယ်။ဒီလိုတွေ့ရှိမှုတွေ့ပြီးတဲ့နောက်မှာ
ဖင်လန်နိုင်ငံနဲ့နော်ဝေးနိုင်ငံမှ ဘူမိဗေဒပညာရှင်တချို့
အလုပ်ကနှုတ်ထွက်လိုက်ကြတယ်လို့ သတင်းစာတွေမှာ ရေးသားဖော်ပြခဲ့ကြပါတယ်။
                                                                                                                     သားသားမီးမီးတို့အားလုံးလိမ္မာကျပါစေ ၊၊
                                                                                                                                    အန်တီစု
Wednesday, March 23, 2011
Blogger အားလုံးကို အကူအညီတောင်းချင်ပါတယ်
Blogger အားလုံးကို အကူအညီတောင်းချင်ပါတယ်
အားလုံး သိစေချင်ပါတယ် မမှားခင်မှာ ကြို တင်ကာကွယ်နိုင်အောင်လို့ forword
လုပ်ပေးလိုက်တာပါ။
ကိုကာကိုလာ-ပက်စီ-ကုတ် တွေအကြောင်းကိုလူတိုင်းနှီးပါး
သိပြီးကြမယ်လို့ထင်ပါတယ်။
မသိသေးတဲ့သူတွေအတွက်ကတော့သတင်းထူးပါဘဲဗျာ-
ဒီကနေ့ ဂျစ်တူးအကိုရဲ
့သူငယ်ချင်းတစ်ယောက်စင်္ကာပူကိုရောက်လာခဲ့ပါတယ်။အပျော်ထွက်-ဈေးဝယ်လာ
တာတော့မဟုတ်ပါဘူး။သူမရဲ့ ချစ်ဆုံးယောက်ျားဆုံးသွားလို့ အပူနဲ့ လာခဲ့ ရသူပါ။
လက်ထပ်ထားတာမှတစ်နှစ်တောင်မပြည့်သေးပါဘူးတဲ့ ။သူကကျောင်းဆရာမဆိုတော့ခွင့်ယူဖို့ -
အလုပ်ထွက်ဖို့ ဆိုတာတော်တော်ခက်လို
့ယောက်ျားရှိတဲ့နေရာမှာလည်းမလိုက်လာနိုင်။ယောက်ျားကလည်း
သူမနှင့်အတူလိုက်မနေနိုင်ဆိုတော့ မယ်တစ်ရွာမောင်တစ်မြို
့အနေဝေးနေကြတာပေါ့။နောက်နှစ်ဆိုရင်
တော့အတူတူနေလို့ ရပါပြီ။(ဒီလိုအတွေးကလေးတွေနဲ့ ဆရာမလေးတစ်ယောက်ပျော်နေခဲ့ တာပေါ့)
ဒါပေမဲ့အခုတော့သူမအပျော်တွေဘယ်တွေရောက်နေကုန်ပြီမသိတော့ပါဘူး။
ဆရာမလေးယောက်ျားတစ်ယောက်မြန်မာနိုင်ငံထုတ်အကြောဖြေဆေးနဲ့ ပက်စီသောက်မိလို
့သေဆုံးသွား
ပါတယ်။မနက်ဖြန်ဆိုရက်လည်နေ့ ပေါ့။
ဒီလိုသတင်းတွေကြားနေရတာတော်တော်များနေပါပြီ။
ပြီးခဲ့တဲ့သုံးပတ်လောက်ကလည်းပါတာစီတစ်မော့နဲ့ကိုကာကိုလာသောက်မိလို
့သေသွားတဲ့ မြန်မာအမျိုးသား
တစ်ယောက်လည်းဆုံးပါးသွားပါပြီ။
သူ့ခေါင်းတွေကိုက်လွန်းလို့ ပါတာစိတစ်မော့ကိုသောက်တယ်တဲ့(ဆေးရက်စွဲမကုန်သေးပါဘူး)
နဲနဲကြာတော့ရင်တွေပူလွန်းလို
့ဆိုပြီးကိုကာကိုလာသောက်လိုက်တယ်(သူ့အမျိုးသမီးကိုယ်တိုင်ရေခဲသတ္တာ
ထဲကယူပေးလိုက်တာပါ)။ ခဏနေတော့ပါးစပ်ထဲကအမြုတ်တွေထပြီးမူးလဲသွားလို
့ဆေးရုံကိုပို့လိုက်ရပါတယ်
အဲဒီဆေးရုံသွားတဲ့လမ်းမှာဘဲအသက်ဆုံးသွားခဲ့ပါတယ်။
အရင်ဆုံးကြားရတဲ့သတင်းကတော့ ဂျစ်တူးတို့သူငယ်ချင်းအရင်းခေါက်ခေါက်ကိုယ်တိုင်ပါဘဲ။
ကုန်လွန်ခဲ့တဲ့သုံးလလောက်ကဖြစ်ခဲ့တာပါ။
မြန်မာနိုင်ငံထုတ်ညော်ထွက်တဲ့ဆေးတစ်မျိုးကိုသောက်ပြီးတော်တော်ကလေးကြာမှပက်စီကိုသောက်လိုက်တာ
တခါတည်းအသက်ပါ ပါသွားလိုက်တာပါ။
ကြားခါစမယုံမကြည်ဖြစ်မိပါတယ်။ဒီလောက်သန်သန်မာမာကျန်းမာရေးအထူးဂရုစိုက်တဲ့သူတစ်ယောက်သေ
တယ်ဆိုတော့ဘယ်လိုမှမယုံကြည်မိပါဘူး။တကယ်တန်းမီးခိုးငွေ့တွေအဖြစ်ကြုံရတော့မယုံကြည်လို့မရတော့
ပါဘူး။
နီးစပ်ရာသက်ဆိုင်ရာသူငယ်ချင်းအပေါင်းတသင်းများကိုစကားတိုးတိုးပြောပေးပါ။
အထက်ပါအကြောင်းအရာတွေကိုပါ။မဖြစ်အောင်တားလို့ ရပါတယ်။တစ်ယောက်ကြည့်လို့ တစ်ယောက်သိ
ရင်တစ်ယောက်အသက်ကိုကယ်တင်ရာရောက်ပါတယ်။ဘလော့တွေအားလုံးကဖြစ်ဖြစ် - ပြန့် ပွားအောင်
သိသူများအောင်ဖေါ်ထုတ်ပေးကြပါ။
အောက်ကဗွီဒီယိုကလစ်ကလေးကတော့ပူရှိမ်းသကြားလုံးကလေးတွေနဲ့ပက်စီ-ကိုကာကိုလာ-ကုတ်စတာ
တွေနဲ့စမ်းသပ်ထားတာအမျိုးမျိုးကိုတွေ့ မြင်ရမှာဖြစ်ပါတယ်။
လူအသက်တစ်ချောင်းကယ်ကောင်းပါတယ်ဗျာ-
တစ်ယောက်အားနဲ့မရပါဘူးအများသိဖို့ အများမှာတာဝန်ရှိပါတယ်။
သင်သိတာကလေးကိုမျှဝေသိစေခြင်းဖြင့်ကုသိုလ်ယူကြပါ။
မိတ်ဆွေတယောက်ရဲ့မေးလ်ကနေရတာပါ။ နီးစပ်ရာ လက်ဆင့်ကမ်းပေးကြပါခင်ဗျာ။
Saturday, March 5, 2011
 ဆရာပုံ
Thursday, February 17, 2011
ငို့ဘကြီး
အခိုးမိရင်
ဝင်မခံ အီးမှန် ဓာတ်လိုက်ခံရသလိုပ
ဂျပိုးကို လိပ်ဖြစ်အောင်ပြောတယ်
ဒို့ လူလိမ်ကြီး…
ယောလေး
Tuesday, February 15, 2011
Document1                                                                   
Wednesday, February 9, 2011
ဆရာပုံ                                                                   
Monday, February 7, 2011
ပါသဲ၏ ကရားဟဲ                                                                   
story                                                                   
Monday, January 3, 2011
မီး ချီးခဲ
မီး ချီးခဲ
မဲမဲလုံးလုံး
ဤအတုံးကို ရှားမီးမှတ်တယ်
ပြာဖုံးရာယပ်ပေးလေတော့
ဘဂ၀ါမြေ ဌာနေနှံ့အောင် လေသင့်တိုင်းနံ….
ဝတ်ခြံ
ငယ်ရွယ်စဉ် ပြုကာယုပေမယ့်
ပြည်တည်ရင် အောင့်ကာညှစ်ရမယ်
မောင့်မီး ချီးခဲ…
ယောလေး
Friday, May 7, 2010
စိတ်ကူးထဲက ၁၂ နာရီ..
မနက်ဖန်ရဲ့ ၁၂ နာရီ
မထိုးနိုင်တော့ ဘူးလားလို့
ဘ၀ရဲ့ ညဦးပိုင်းမှာ
အတွေးပိုခဲ့မိတယ်.....
တကယ်တော့ ငါ
စိုးရိမ်ခြင်းသက်သက်ပါ
မိနစ် ၆၀ ပြည့်တိုင်း
တနာရီ ပိုနီးကပ်လာပြီပဲ...
ဒါပေမယ့်...
ရချင်မှ ရမှာလေ..
ငါ့စိတ်ကူးထဲက ၁၂ နာရီလိုမျိုးပေါ့...
ယောလေး...
Thursday, May 6, 2010
မင်းသိထားဖို့
မင်းသိထားဖို့
HTML Link:
http://h1.ripway.com/oochit/ppsm1.pdf
မင်းသိထားဖို့…
အရောင်းခန်းက ပစ္စည်းတော့ မဟုတ်ဘူး..
မင်းစိတ်မ၀င်စားရင်လည်း ပဲများမနေနဲ့တော့
ဒီထက် လျှော့မပေးနိုင်တော့ဘူး..
ငါ့ရှေ့က အမြန်ထွက်သွားပါ….
နောက်မှာ customers တွေ တန်းစီနေတယ်…
စော်ကားတာ မဟုတ်ဘူး..
မင်းလှုပ်ရှားမှုအတိုင်း ပြန်လာတဲ့
တန်ပြန်သက်ရောက်မှုပဲ…
ယောလေး..
Wednesday, May 5, 2010
ဖြစ်စဉ်
ဒီလိုဖြစ်ဖို့ အကြောင်းရှိခဲ့တယ်ဆိုရင်
ဘယ်သူမှ မပြုပြင်နိုင်မှတော့
ငါက ဘာလို့ဝမ်းနည်း နေရမှာလဲ …
ဒါဟာ ..မင်းအမှားမဟုတ်သလို ငါ့အမှားလည်း မဟုတ်ဘူး…
ဒီဖြစ်စဉ်က ရှိပြီးသားပဲ …
ငါဟာ ပုထုဇဉ်ဖြစ်တဲ့အတွက်
ငါတန်ဖိုးထားပါလျက်နဲ့ အပြန်အလှန်တုံ့ပြန်မှုမရှိရင်
ဆောရီးပါ ….
ဒါဟာ ..မင်းအမှားမဟုတ်သလို ငါ့အမှားလည်း မဟုတ်ဘူး…
ဒီဖြစ်စဉ်က ရှိပြီးသားပဲ….
ယောလေး..
Wednesday, March 17, 2010
အမေးအဖြေကန္တ။ ။
xyz သတင်းဌာနမှ ၀ါရင့်သတင်းထောက်ကြီး သောမတ်စ်ပိစိကွေး က မြန်မာ့နိုင်ငံရေး ကျွမ်းကျင်သူ ဦးလောပေကို မေးမြန်းထားတာကို ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။
သတင်းထောက်။ ။ ဟုတ်ကဲ့ ဦးလောပေအနေနနဲ့ 2010 ကိုဘယ်လို မြင်ပါသလဲ ခင်ဗျ။
ဦးလောပေ ။ ။ ဟုတ်ကဲ့ ကျနော့်အမြင်ကတော့ 2010ကို 2011 မဟုတ်ဘူးလို့ မြင်ပါတယ်ချင်ဗျ။
နောက်တမျိုးထပ်ပြောရရင်တော့ 2010 ကို ဂဏန်းသုံးလုံးကို ပေါင်းစပ်ထားတယ်လို့ မြင်ပါတယ်ခင်ဗျ။
0 ရယ် 1ရယ် 2ရယ် 3 ရယ်ပေါ့ဗျာ.........
xyz သတင်းဌာနမှ ၀ါရင့်သတင်းထောက်ကြီး သောမတ်စ်ပိစိကွေး၏ မေးမြန်းခန်းကို ပြန်လည် ဖော်ပြခြင်း ဖြစ်ပါတယ်။
Wednesday, March 10, 2010
အခုတလော
အခုတလော ငါတို့စိတ်တွေဟာ အရိုးပေါ်အရေတင်နေတယ်....
အခုတလော ငါ့တို့ အနာဂတ်တွေဟာ သောင်ပြင်မှာ ရေးဆွဲထားတဲ့ အရုပ်တွေလိုဖြစ်တယ်..
အခုတလော ငါတို့အိမ်တွေဟာ နောက်ပိတ်ခွေးတွေ စောင့်နေတဲ့ တံတိုင်းကြီးထဲမှာ ခြောက်ကပ်နေတယ်...
အခုတလော ငါတို့ပါးစပ်တွေဟာ ယမမင်းတွေထွက်လာတတ်တဲ့ သေနပ်ပါးစပ်ပေါက်တွေကို ကျီးကန်းတောင်မှောက် ကြည့်နေရတယ်...
အခုတလော ငါတို့လျှာတွေဟာ အရသာမရှိတဲ့ အရသာတွေကို အတင်းအကြပ် လက်ခံနေရတယ်...
အခုတလော ငါတို့တတွေရဲ့ အာရုဏ်ခံအင်္ဂါငါးပါးဟာ အဓမ္မပြုကျင့်ခံနေရတယ်....
အခုတလော ငါတို့စိတ်တွေဟာ အရိုးပေါ်အရေတင်နေကြတယ်...
အခုတလော...
အခုတလော...
အခုတလော...
အခုတလော...
အခုတလော ငါတို့တွေဟာ တရားခံကိုသေဒဏ်ပေးဖို့ သံချောင်းခေါက်သံ နားစွန့်နေကြတယ်...
ယောလေး...
Tuesday, March 9, 2010
လူကြမ်းကြီးဖြစ်ပါစေ
သဒ္ဒါတရားမပါပဲ
သဘောထားကောင်းပြတဲ့
သူတွေကို လောကကြီးက
ကောင်းချီးပေးမယ်ဆိုရင်
ကျုပ်ကတသက်လုံး
ဓားပြကြီးဗိုလ်အောင်ဒင်ပဲ ဖြစ်ချင်တယ်....
ယောလေး ......
Friday, March 5, 2010
ချစ်သူငယ်ချင်း
ချစ်သူငယ်ချင်း.....
ကလေးဘ၀ကလို
အခုနားလည်မှုလေးလွဲ အဆင်မပြေဖြစ်..
နောက်နေ့ တယောက်နဲ့တယောက် လည်ပင်းဖက်လို့
အိမ်ကပေးလိုက်တဲ့မုန့်တွေကို တ၀က်စီ ခွဲစား ကျောင်းအတူတူသွား..တူတူပုန်းတမ်းကစားကြမယ်.....
ကဲ..သူငယ်ချင်း.တွေမနေနဲ့တော့......
ယောလေး
(သူငယ်ချင်းများစွာသို့ သတိရလျက်)
Wednesday, March 3, 2010
မှန်တချပ်
မှန်တချပ်...
ငါ...
မှန်တချပ်လို ကျင့်ချင်တယ်...
မင်းပြုံးပြရင် ငါလည်းပြုံးပြမယ်...
မဲ့ပြရင် အလိုလို ပြန်မဲ့ပြမယ်..
မင်းငိုနေရင် ငါလည်းလိုက်ငိုမယ်...
မင်းကျောခိုင်းသွားရင်လည်း
ငါလည်းအလိုလို ကျောခိုင်းသွားမယ့်
မှန်တချပ်လို ငါဖြစ်ချင်တယ်....
ယောလေး။ ။
Thursday, February 4, 2010
နွားနှင့် ဒီမိုကရေစီ
နွားနှင့် ဒီမိုကရေစီ
Thursday, 07 January 2010 15:16 Naing
ကျွန်တော်တို့သည် နိုင်ငံ့အရေးကို စိတ်ဝင်စား၏။ စိတ်ဝင်စားသည့်အတိုင်းလည်း ကိုယ်တိုင် ပါဝင်ဆောင်ရွက်လိုသော စိတ်လည်းရှိ၏။ ကျွန်တော်တို့၏ နစ်နာချက်၊ ခံစားမှုများကို ဟစ်ကြေးလို၏။ ဟစ်ကြွေးကြ၏။ မျိုးချစ်စိတ်ဆိုသည်ကို တိတိကျကျ မဝေဖန်တတ်သော်လည်း ဤစာလုံး သုံးလုံး၌ အဖြေပါ၏။ နည်းနည်းထပ်ဖြည့်ရလျှင် မိမိမှလွဲ၍ အခြားသော တိုင်းသူပြည်သားများ၏ အလိုဆန္ဒ၊ သူ့ကို အထင်မသေး၊ သူ့လိုအပ်ချက်များကို မိမိတတ်စွမ်းသရွေ့ ဆောင်ရွက်ပေးဖို့၊ တကယ့်စေတနာသည်ကား မျိုးချစ်စိတ်ဟု ကျွန်တော်ထင်၏။
ညီညွတ်ရေးဟုလည်း ပြောကြပါသည်။ ဘယ်နေရာ ညီညွတ်ကြမလဲ။ မသိသတတ်။ လူ့အဖွဲ့အစည်းသည် အဆင့်ဆင့်ရှိ၏။ များပြားလှကုန်သော လူ့အဖွဲ့အစည်းသည် ဘယ်တော့မှ တသားတည်း မဖြစ်နိုင်ဟု ကျွန်တော်ယုံကြည်၏။ ကားမာတ် ဘာပြောပြော သူ့ကိစ္စသည် ပြီးပြီ။ တစ်ယောက်ထဲပင် ကိုယ့်ကိုယ်ကို မညီညွတ်။ ထို့ကြောင့် မညီသောကိစ္စကို တတ်အားသရွေ့ အများစု လက်ခံနိုင်ဖို့ ကြိုးစားသော နိုင်ငံရေးကို ဆောင်ရွက်သူသည် မျိုးချစ်စိတ်ရှိသူ ဖြစ်နိုင်၏။ တကယ့် မျိုးချစ်ပုဂ္ဂိုလ်ကြီးဟု ထင်ရလောက်အောင်၊ နားမလည်သော တိုင်းသူပြည်သားများကို ဖြီးဖြန်းပြီး မိမိပိုင် ရေဒီယို၊ စာနယ်ဇင်း၊ တယ်လီဗေးရှင်း စသဖြင့် ရှိသမျှ မီဒီယာများကို အသုံးချလိမ်လည်နေသော ပုဂ္ဂိုလ်ကြီးများလည်းရှိ၏။ ဥပမာ- (န.အ.ဖ)။
နွားနှင့် ဒီမိုကရေစီ
ဒေါ်အောင်ဆန်းစုကြည်က ပြောဖူးသည်။ '' စင်ပေါ်တက် လက်ခုပ်ချူသော နိုင်ငံရေးကို ကျွန်မ မနှစ်သက်ကြောင်း''။ ဟုတ်သည်။ အချို့သည် အုပ်စုဖွဲ့၍ လည်းကောင်း၊ လိုအပ်လျှင် မိမိကိုယ်ကို ကိုယ်ရည်သွေး၍ လည်းကောင်း၊ အခွင့်ကြုံတိုင်း စင်ပေါ်ရောက်တတ်၏။ အော်တတ်၏။ ဒီမိုကရေစီ၊ လူ့အခွင့်အရေး၊ လူသားခြင်း စာနာထောက်ထားမှု စသဖြင့် ဟစ်ကြွေး။ ပြီးတော့လဲ - ပလုံ … ။
တကယ်ချစ်သလား။ ကိုယ့်ကိုယ်ကို (မဟုတ်ဘူး) တိုင်းပြည်ကို ၊ တိုင်းပြည်ထဲနေနေကြရတဲ့ လူတွေကို၊ ဒုက္ခသည်တွေကို၊ ထွက်ပြေးတိမ်းရှောင်နေရသူတွေကို၊ ထောင်ထဲကလူတွေကို၊ မတည်မငြိမ်နဲ့ မဝရေစာ စားနေရတဲ့ လူတွေကို။ ပြောကြည့် - ဘယ်နားမှာဖြစ်ဖြစ် ကြားနေရတာ။ "ဟိုကောင် အရက်သောက်သည်၊ ဒီကောင်မ လင်ငယ်နေသည်၊ နိုင်ငံရေးသမားဆိုတာ အလကားပါကွာ"၊ အတင်းအဖျင်းနှင့် ညစ်ညမ်းသော စကားများကိုသာ ကြားနေရသည်။
တိုင်းပြည်ထဲ ကုန်ပြီလား၊ လူကောင်း။ ကျန်ပါလိမ့်ဦးမည်။ ကျွန်တော် ယုံကြည်၏။ အခု လူကောင်းတွေကိုပါ အလကားလူတွေဖြစ်အောင် အစိုးရက ဝါဒဖြန့်သည်။ တိုင်းပြည်က မဆင်ခြင်။ အချင်းချင်းသာ မလိုမုန်းထားစိတ်များဖြင့် ချောင်းမြောင်း ဆက်ဆံနေကြ၏။ အားနည်းချက်ကို ရှာ၏။ ၎င်းအပေါ် အားသာအောင် လုပ်၏။ အနိုင်ကျင့်၏။ ဝန်ထမ်းများက ပိုဆိုးသည်။ ဝန်ထမ်းဆိုသည့် စကားလုံး၏ အနက်သည် မရှိတော့။ ဘယ်သူ့ဝန် ထမ်းရမှာလဲ။ ပညာတတ်ဟု မိမိကိုယ်ကို ထင်သော - ဗိုလ်ချုပ်အောင်ဆန်းပြောသည့် ''မင်းစိတ်ပေါက်နေသော အရာရှိဆိုးများ'' ။ အမှန်တော့ မင်းစိတ်မဟုတ်။ ကျွန်စိတ်၊ သဘောက်စိတ်။
စင်စစ် ဘဝကို တကယ်နာကျည်းပါက ကျွန်တော်တို့သည် ဤသို့မနေအံ့။ ရှေ့က နစ်နာပြီးသူတွေကို လေးစားလျက်၊ ကျွန်တော်တို့ ဆက်ပြီး ဖဝါးခြေထပ် ဆက်လက်ဆောင်ရွက်ဖို့ လိုသည်။ သေလျှင်လည်း သေပေါ့။ ကျွန်တော်တို့သည် အိပ်ရင်း၊ စားရင်း၊ လမ်းလျှေက်ရင်း၊ လဲလျောင်းရင်း၊ အချိန်တိုင်းတွင် ဒီမိုကရေစီအကြောင်း တွေးတောကြံဆ နေသင့်သည်။ အကောင်အထည်ပေါ်အောင် ကြံဆောင်နေသင့်သည်။ ကိုယ်ကိုယ်တိုင်လည်း ဤကျင့်စဉ်ကို သိအောင် ကြိုးပမ်းလျှက် 'ဝိဇ္ဇာစရဏ သမ္ပန္နော' ဖြစ်သင့်၏။ ဤသူမျိုးကို ပန်းကုံးစွပ်။
ကျွန်တော်သည် ၁၉၈၈ အရေးတော်ပုံမှစ၍ ဤဒီမိုကရေစီအရေးအား ရှေ့မှရော၊ နောက်မှရော၊ အလယ်မှရော၊ နေရာစုံ ဒေသတစ်ခုတွင် ပါဝင်ခဲ့ဖူး၏။ ယခုလည်း ဆောင်ရွက်ဆဲ။ မွေးရပ်၌ မနေရ။ တစ်ပါးအရပ်၌ နေ၏။ အသက်မွေးဝမ်းကျောင်း ပြု၏။ သမာအာဇီဝ။ ရွာသားတစ်ယောက် ဖြစ်ခဲ့သည့်အလျောက် ရွာကိုမရောက်သည်မှာ ၁ဝ နှစ်ကျော်ပြီဖြစ်၍ ကိုယ်ရေးကိုယ်တာ ကိစ္စများအား မန်နေဂျာကို လွှဲလျှက် မိသားစုနှင့်အတူ ရွာသို့ ခေတ္တ ပြန်ခဲ့သည်။
၂ဝဝ၇ ခုနှစ်က ဖြစ်သည်။ ကမ္ဘာကျော်သော ''ရွှေဝါရောင်'' တော်လှန်ရေးအပြီးလောက် ဖြစ်သည်။ ပခုက္ကူမှစသော (သို့မဟုတ်) အောင်းထားရသော ဆန္ဒများစွာက စတင်သော ဤသပိတ်သည် ဘဝဂ်သို့ ညံခဲ့၏။ စစ်အစိုးရ၏ ကျွန်တော်ကောင်းများဖြစ်သော ကြံ့ဖွတ်၊ စွမ်းအားရှင်၊ အက်စ်ဘီ၊ လုံထိန်း၊ အာရ်ပီ၊ တပ်မတော်တပ်ရင်းအချို့မှ လွဲ၍ လူသားစိတ်ရှိသော၊ သာသနာကို ကာကွယ်လိုသော သူများအားလုံး ထကြွခဲ့ကြ၏။ လမ်းပေါ်တက်ခဲ့ကြ၏။ အသေခံ၊ အကျဉ်းခံခဲ့ကြ၏။ လူတိုင်းသိခဲ့ကြသည့်အကြောင်း ။
လူဟူသည် သစ္စာဖောက်တတ်သည်။ လုပ်အပ် မလုပ်အပ်မသိ။ မိမိကိုယ်ကျိုးအတွက် တစ်ပါးသူအကြောင်း မစဉ်းစား၊ ကုသိုလ် အကုသိုလ် မကွဲ၊ ဆိုင်ရာချင်း လက်တွဲပြီး အစုလိုက် အပြုံလိုက် ယုတ်မာနေသူများသည် ပြည်တွင်း၌ အလွန်ပေါ၏။ (ဤကားစကားချပ်)
သုံးရစ်မျှသာရှိသော ယူနီဖောင်းဝတ်ရဲ တစ်ယောက်နှင့်အတူ လမ်းလျှောက်ရလျှင်လည်း ကိုယ့်ဖာသာ လူဟုထင်သူလည်း ရှိ၏။ (ဤသည်လည်း စကားချပ်)
ရွှေဝါရောင် တော်လှန်ရေးကို မထောက်ခံသူ မရှိသလောက်။ ထားတော့။ ပြီးတော့ … ကျွန်တော်တို့ မိသားစု ဇာတိရွာကို ရောက်ခဲ့ကြသည်ပေါ့။
ရွာသည်လှ၏။ မြို့ထက်လှ၏။ ညနေခင်းများမှာ ထန်းရည်လေးနည်းနည်းသောက်၊ တောင်ခြေက ကန်ဘောင်ပေါ်မှာ လတ်ဆတ်သည့် လေကို ရှူ၊ လမ်းလျှောက်၊ သဘာဝက သူ့ဘာသူ လှပြီးသား။
ကန်ထိပ်မှာ စေတီ၊ ဇရပ်။ ကန်ပေါ်မှာ ဘာမှမရှိ။ ရေသာရှိသည်။ ကြည်လင်သည်။ ကန်ရဲ့ ဟိုတစ်ဖက်မှာ ယာကွင်းများစွာ၊ သရက်ပင်လေးငါးပင်၊ တောင်ရိုး၊ နွားစားကျက်၊ မြက်ခင်း။ ကျွန်တော် အဲဒီဘက် လျှောက်သွားသည်။ နေက ဝင်တော့မည်။ စားကျက်ထဲတွင် ဝဝဖြိုးဖြိုး အရောင်ကလဲ ဖြူဖြူ၊ လှလိုက်တဲ့ နွား။ ဘာတွေများစားထားပါလိမ့်။ ကျွန်တော် အဲဒီနွားကြီးနား ကပ်သွားတယ်။ ပြီးတော့ မေးကြည့်တယ်။ (သြော် -ကျုပ်က နွားစကားတတ်တယ်နော်)
'' ဗျို့ … ကိုနွားကြီး ဘာလုပ်နေတာလဲဗျ၊ မြက်စားနေတာလား'' ဟု ကျွန်တော်ကပင်စတင်၍ ရုတ်တရက် နှုတ်ဆက်လိုက်ပါသည်။ နွားကြီးကား စိုစိမ်းသော မြေဇာပင်များဝယ် စိတ်ရောပါးစပ်ပါ ဝင်စားချက် ကောင်းလှပါ၏။
''အခုနှစ်ထဲမှာ ပခုက္ကူကစတဲ့ သံဃာ့သပိတ်က တစ်ပြည်လုံးနီးပါး ပျံ့နှံ့ပြီး ရန်ကုန်က ရဟန်းတွေ ရွှေတိဂုံပေါ်တက်ပြီး၊ ကံဆောင်ကြသတဲ့၊ အရှေ့ဘက်မုခ်မှာ ရဟန်းတွေရော လူတွေရော တော်တော် ပစ်သတ်ခံရတယ်ကြားတယ်။ ဆူးလေမှာဆိုရင် လူထုတွေထဲမှာ ကျောင်းသားသမဂ္ဂအလံတောင် လွှင့်ဆိုပဲ၊ အဲဒီကျောင်းသားလေးလဲ အဖမ်းခံလိုက်ရသတဲ့၊ အဲဒါ ခင်ဗျား ဘယ်လိုထင်သလဲ ကိုနွားကြီး"
နွားကြီးသည် စားမြဲစားနေသည်။
''နည်းနည်းမှ မတရားဘူးဗျာ၊ တကယ်ဆို ဒီသံဃာတော်တွေနဲ့ ဒီကျောင်းသားလေးတွေဟာ နိုင်လိုမင်းထက် သန်းရွှေလေးတွေ မဟုတ်ပါဘူး၊ နွားကြီးပဲ ကြည့်လေဗျာ၊ မင်းကိုနိုင်တို့၊ ကိုကိုကြီးတို့။ ကိုမြအေး၊ ကိုပြုံးချို၊ မာကီး၊ ပြီးတော့ ဟိုမှာဗျာ လင်မယားနှစ်ယောက်၊ တစ်ယောက်က ထောင်ထဲရောက်၊ တစ်ယောက်က မွေးစကလေး ထားခဲ့ပြီး တိမ်းရှောင်နေရတာလေ၊ သိလား၊ သူတို့မှ မဟုတ်ပါဘူး၊ ဒီမိုကရေစီ ဘက်တော်သားတွေ အဖမ်းခံ၊ အနှိပ်စက်ခံ၊ သေကြကြေကြ မနည်းဘူးဗျာ။''
ကျွန်တော် နည်းနည်း အာခြောက်လာသည်။ နွားကြီးကား မသိလေဟန်။ ရှေ့သို့ခြေတစ်လှမ်း တိုး၍ စားမြဲစားနေပါ၏။
''ပြီးတော့ဗျာ … မဆီမဆိုင် မုဆိုးမ မြွေရိုက်သလိုပဲ၊ နိုင်ငံရေးလား၊ ဒီမိုကရေစီလား၊ မလှုပ်နဲ့၊ လှုပ်ရင် လှုပ်တဲ့နေရာ ရိုက်မယ်၊ အင်း … ဟိုးထိပ်က ခေါင်းဆောင်တွေကနေ အောက်ခြေလှုပ်ရှားသူတွေ အားလုံးကို ဖြိုခွင်းရေးနည်းဗျူဟာချပြီး စပါယ်ရှယ် နှိပ်ကွပ်နေတာလေဗျာ၊ ပြောတော့ ဒီမိုကရေစီတဲ့၊ အခု စစ်အစိုးရက တကယ်တော့ လူသတ်နေတာပါဗျာ၊ ကိုနွားကြီး ကျုပ်ပြောတာ ကြားလား''
နွားကြီးကား နားရွက်တခတ်ခတ်နှင့် တပြုတ်ပြုတ် စားလျက်၊ မိန်လျက်ပင်။
"ဓါတ်ဆီဈေးနဲ့ ကုန်ဈေးနှုန်းကြီးမြင့်မှုကို အခြေခံပြီး ပေါက်ကွဲခဲ့ကြတာမို့လား၊ ရဟန်းတွေကိုလည်း စော်ကားတယ်လေ၊ အဲဒါကြောင့် အနာခံပြီး သပိတ်မှောက်ခဲ့ကြတာမို့လား၊ တွက်ကြည့်ပါ ကိုနွားကြီးရယ်၊ သူတို့က တိုင်းပြည်ကို လူမထင်ဘူးဆိုတော့ တိုင်းပြည်က သူတို့ကို လူပြန်ထင်ဖို့ မခက်ပေဖူးလား၊ အခုတလောတောင်ဗျာ အဖမ်းအဆီးတွေက ဒုနဲ့ဒေး။ ထောင်ထဲက ဗာလနံတွေတော့ ထောင်ထဲကလွှတ်၊ နိုင်ငံရေးအကျဉ်းသားကျ ဟန်ပြလွှတ်ပေး၊ လွှတ်ပေးတာ ဝမ်းသာပါတယ်၊ ဒါပေမဲ့ တကယ်အရေးပါတဲ့ သူတွေ မပါသေးဘူးဗျာ"
ရုတ်တရက် နွားကြီးသည် နောက်ချေးများ ပါနေသည်ကို မြင်ရ၍ နှစ်မိနစ်ခန့် စကားကို ရပ်ဆိုင်းထားရ၏။
''ကျုပ်တို့လူမျိုးတွေကလည်း ခက်ပါတယ်ဗျာ၊ ညံ့နေတာလား မသိဘူး၊ ကျုပ်ဆို ၁၉၉ဝ ရွေးကောက်ပွဲတုန်းက အင်န်အယ်လ်ဒီကို မဲပေးခဲ့တာပဲ။ အခြေခံဥပဒေတုန်းကတော့ ကျုပ် မဲသွားမပေးဘူး၊ ဒါပေမဲ့ဗျာ … ကျုပ်စာရင်းမှာ အမှန်ခြစ်လိုက်ကြသတဲ့၊ ကျုပ်လိုလူမျိုး ဘယ်လောက်ရှိမလဲ၊ ရိုးရိုးလေးပါ၊ ဒါဟာ လိမ်လည်မှု၊ အနိုင်ကျင့်မှု၊ ဒါပါပဲ၊ ဒါ ကျုပ်မိန်းမက ပြောလို့သိရတာ၊ ကိုယ့်မဲတစ်ပြားကို တန်ဖိုးထားတတ်ခဲ့ကြသလား၊ ဒါမျိုး ဘယ်လောက်ရှိသလဲ သိချင်လို့ ရွာနှစ်ဆယ်လောက်တောင် မှတ်တမ်းလိုက်ကောက်သေးတယ်၊ ကိုနွားကြီး အဲဒီအခြေခံဥပဒေကို ယုံလားဗျ''
နွားသည် နွားလောက်သာသိဟန်တူသည်။ ဝူးကနဲ နှာလေမှုတ်လျက် တစ်ဖက်သို့ လှည့်၍သာ စားမြဲ စားနေပါသည်။ ကျွန်တော်ကလည်း စိတ်ရှည်သည်။
''ကိုနွားကြီး ဒီလောက် စစ်အစိုးရက တစ်ပြည်လုံးကို စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ နှစ်ခုစလုံး နိမ့်ကျသွားအောင် လုပ်နေတာ၊ ခင်ဗျားရော မခွေ့ချင်ဘူးလား၊ ပြောလေဗျာ၊ အစိုးရလေသံလိုက်ပြီး အရပ်ထဲက ဒေါက်ဖိနပ်တွေက အခုလုပ်နေတဲ့ နိုင်ငံရေးသမားလေးတွေက ကလေကဝလေးတွေပါ၊ ပေမမှီ ဒေါက်မမှီလေးတွေပါတဲ့၊ နွားကြီးတို့ ဘက်တော်သားတွေလား မသိဘူး၊ ကြံ့ဖွတ်တွေဆီက အသံ၊ ခင်ဗျားရော ဒီကလေးတွေကို အဲလိုထင်လား၊ အင်း … ကျုပ်ကတော့ သူတစ်ပါးဒုက္ခကို မိမိသုခဖြစ်အောင် လုပ်တတ်တဲ့ သူတွေကို ........ အေးဗျာ ........"
ကိုနွားကြီးက ကျွန်တော့်ကို တစ်ချက်မျှ မော့ကြည့်ပြီး သူ့အစာသူ ဆက်၍စားနေပါသည်။
''တကယ်အားဖြင့်ဗျာ အနှစ် (၆ဝ) တို့၊ အနှစ် (၁၂ဝ) တို့ ထောင်ဒဏ်အပြစ်ပေးတယ်ဆိုတာ ဒီမိုကရေစီမှာ ပြစ်မှုမဟုတ်ဘူးလို့၊ ဒါ… အာဏာရှင်လို့။ ခင်ဗျားတို့ နွား နွားချင်း ပြောလိုက်စမ်းပါဗျာ၊ တကယ်၊ ရိုးရိုးတွေးကြည့် လူပဲဗျာ၊ လူဖြစ်ချင်တာပေါ့၊ လူ့အရည်အချင်းကို ဖော်ထုတ်ချင်တယ်၊ လူ့အခွင့်အရေး ရချင်တယ်၊ ဒါ … အဆန်းလားဗျာ၊ ကိုနွားကြီး၊ ဒါ မွေးရာပါဗျ''
နွားကြီးသည် ကျွန်တော့်အား နားငြီးလာဟန်ရှိသည်။ နှာပြင်းပြင်း နှစ်ခါမှုတ်၊ အမြီးကို သွင်သွင်ရမ်းလျက် ထွက်သွားဟန်ပြုပြီးမှ ဆက်စား၏။
''တကယ်တော့ဗျာ၊ ဖိနှိပ်မှုကို မကြိုက်တော့ လွတ်လပ်မှုကို လိုချင်တာပေါ့၊ အားလုံး ညီအစ်ကို မောင်နှမ ဖြစ်ချင်တာပေါ့၊ အပြန်အလှန် အကျိုးပြုချင်တာပေါ့။ ကိုနွားကြီး ခင်ဗျား ကျုပ်ကို စကားပြန်မပြောဘူး၊ မသိကျိုးကျွံ လုပ်နေတယ်၊ ဒါ ပြေလည်မယ့် အကြောင်းမဟုတ်ဘူးဗျ၊ အေးလေ ခင်ဗျားက နွားဆိုတော့ လူကို လေးစားရကောင်း သိမယ်မဟုတ်ဘူး''
နွားကြီးသည် ခွာယက်လာ၏။ ငါကန်လိုက်ရဟု သူအောက်မေ့လာဟန်တူသည်။ ဒါနဲ့ ကျွန်တော် ချော့ပါသည်။ ကျွတ် … ကျွတ်… ကျွတ် ။
''ကဲ- ကျုပ်ပြောဦးမယ်ဗျာ၊ ခင်ဗျားတို့ နွားတွေဟာ လူကို(အထူးသဖြင့် ဗမာပြည်မှာ) အလွန် အကျိုးပြုတာပါ၊ နွားသိက္ခာ အကျမခံပါနဲ့၊ ကျုပ်ပြောတာ နားထောင်ပါ''
ဤအချိန်တွင် စာရေးသူသည် နွားစကားမပြောဘဲ၊ လူစကားဖြင့်သာ နွားကို ချဉ်းကပ်ပါသည်။
''ကိုနွားကြီး … ကျွန်တော် ခင်ဗျားကို မေးမယ်၊ ခင်ဗျား လူတစ်ယောက်ကို အထင်သေးဘူးလား၊ ခင်ဗျား လူတစ်ယောက်ကို အကျိုးပြုဖူးလား၊ ခင်ဗျား သူ့ဘာသာတရားကို အလေးအနက်ထားတတ်သလား၊ ခင်ဗျား သူ့ကိုယ်ပိုင်အခွင့်အရေး လေးစားဖူးသလား၊ တကယ်တော့ - ခင်ဗျား...... ''
ကျွန်တော့်စကားမပြီးမီ ကိုနွားကြီးသည် နောက်ထပ် မစင်နှစ်ပုံ စွန့်၍ ကျွန်တော့်အား ဂျိုကြည့်ကြည့်ကာ ထွက်ခွာသွားလေသတည်း။
ကောင်းကင်သည် ညိုပြီ။ စိတ်တွေလည်း ညောင်းလာပြီ။ နွားနှင့်ကလည်း စကားပြောမရ။ နွားနှင့် စကားပြောရသည်မှာ ''ကျွဲပါးစောင်းတီး'' ။
သြော် - နွားတွေ နွားတွေ၊ နွားတို့သည်ကား အဟိတ်တိရစ္ဆာန်များသာ ဖြစ်ကြသည်ကိုး။ ဒီမိုကရေစီလည်းမသိ။ သပိတ်လည်း နားမလည်။ တရားသောစကားလည်း နားမဝင်။ ၎င်းတို့၏ဝါဒနှင့် လုပ်ငန်းကား သံသရာတလျှောက်လုံး မြက်စား၍ နောက်ချေးယိုပြီးလျှင် နွားမနောက်လိုက်ကြရန်သာ တတ်ကြလေတော့သတည်း ........။
× × × × ×
Naing
ဝန်ခံချက်
စာအခင်းအကျင်းကို ၁၉၇ဝ ရန်ကုန်တက္ကသိုလ် မဂ္ဂဇင်း၊ စာမျက်နှာ ၅၇ ရှိ ''မောင်ညိုမြ'' ၏ ဝတ္ထုတိုမှ မှီငြမ်းပါသည် ။
စာရေးသူ
Wednesday, December 30, 2009
ကျနော့် မိတ်ဆွေ စာပေ၀ါသနာရှင်များအတွက်
  • ဟောဒီနေရာလေးမှာ
  • ရှာဖွေရသမျှစာအုပ်များကို သီသန့်တင်ပေးသွားပါမည်ခင်ဗျာ...
    Monday, December 21, 2009
    နိုင်ငံရေးသမားထံမှ နိုင်ငံရေးသင်ခန်းစာ
    နိုင်ငံရေးသမားထံမှ နိုင်ငံရေးသင်ခန်းစာ
    ဘိုဘိုကျော်ငြိမ်း
    ၂၁ ဒီဇင်ဘာ ၂၀၀၉
    လွန်ခဲ့တဲ့ (၂) နှစ်လောက်က “နိုင်ငံရေးသမား အလိုရှိသည်” ဆိုတဲ့ ဆောင်းပါးတပုဒ် ရေးခဲ့ဖူးပါတယ်။ ဒီဘက်ခေတ်မှာ လူအများဟာ နိုင်ငံရေးအော်နေကြပေမယ့် ကျနော့်အမြင်မှာတော့ နိုင်ငံရေးတကယ်နားလည်တဲ့ နိုင်ငံရေးသမားတွေက နည်းပြီး ဗျူရိုကရက်နိုင်ငံရေးသမားတွေ၊ အက်တစ်ဗစ်နိုင်ငံရေးသမားတွေက နေရာဦးထားကြတယ်လို့ ယူဆမိလို့ပါ။ အထူးသဖြင့် ပြည်ပမှာပေါ့။ တိုက်တိုက်ဆိုင်ဆိုင် အရင်တပတ်က နိုင်ငံရေးမိတ်ဆွေတဦးဆီ အလည်ဝင်ရင်း စာအုပ်စင်မှာ ဦးတင်မောင်ဝင်းရဲ့ “နိုင်ငံရေးသမားနှင့် နိုင်ငံရေး” စာအုပ်ဆီ မျက်စိရောက်သွားပြီး ဒုတိယအကြိမ် ပြန်ဖတ်မိတယ်။ ဒီစာအုပ်ဟာ နိုင်ငံရေးစိတ်ဝင်စားတဲ့ ခေတ်လူငယ်တိုင်း ဖတ်သင့်တဲ့ စာအုပ်လို့ မြင်မိတယ်။ ဦးတင်မောင်ဝင်းကို သတိရမိသလို ပြောချင်တာတွေကို ရင်ဖွင့်ရင်း နောင်လူငယ်လေးတွေ အတုယူရအောင် နိုင်ငံရေးသမား ဒီလိုပါလားဆိုတာကို သိစေချင်တဲ့စေတနာနဲ့ ဒီဆောင်းပါးကို ရေးမိခြင်းပါ။
    နိုင်ငံရေးသမားစစ်စစ်ဖြစ်တဲ့ ဦးတင်မောင်ဝင်းရဲ့ ဘ၀အတွေ့အကြုံတွေက အတုယူစရာ၊ သင်ခန်းစာယူစရာတွေ အမြောက်အမြားရှိလို့ပါပဲ။ လက်ရှိလှုပ်ရှားနေကြတဲ့ ခေါင်းဆောင်အများစုနဲ့ (၈၈) က နယ်ခြားရောက်လာတဲ့ ကျောင်းသား အများစုဟာ ဦးတင်မောင်ဝင်းနဲ့ မလွတ်ကြပါဘူး။ ယူတတ်ရင် ဦးတင်မောင်ဝင်းဆီက ဆည်းပူးစရာတွေ အမြောက်အမြား ရှိပါတယ်။
    ဦးတင်မောင်ဝင်းကို ကျနော်တို့ နိုင်ငံရေးအသိုင်းအ၀ိုင်းမှာ သိကြတဲ့အတိုင်း (ကိုတွတ်) လို့ပဲ သိခဲ့ပါတယ်။ ကိုတွတ်ရဲ့ နိုင်ငံရေးစည်းရုံးနိုင်မှုစွမ်းအားကို ထောင်ထဲမှာ ရိပ်ခနဲ တွေ့မြင်ခဲ့ရတယ်။ ဦးသန့်ရေးအခင်းမှာ အဖမ်းခံရတော့ ကျနော်တို့ ညီအစ်ကို (၂) ယောက်ကို စစ်ကြောရေးကာလ (၃) လကျော်ကျော် နံပါတ် (၅) တိုက်မှာ တယောက်တခန်းစီ တိုက်ပိတ်ထားခဲ့တယ်။ ဦးတင်မောင်ဝင်းတို့အလှည့်ပြီးတော့ ကျနော်တို့ အလှည့်ရောက်လာပေမယ့် ဒီတိုက်တန်းတွေက လူတွေနဲ့ ပြည့်လျက်ရှိပြီး ၀ါဒါတွေကလည်း ဒီဝါဒါတွေပဲကိုး။ ဒါ တင်မောင်ဝင်း နေသွားတဲ့အခန်း မာတယ်ကွလို့ ၀ါဒါအိုကြီးက သတိတရ ပြောရှာတယ်။ ၀ါဒါတွေကိုတောင် ရအောင်စည်းရုံးသွားပါလားလို့ ဖျတ်ခနဲ သတိထားလိုက်မိတယ်။
    ကျနော် ၁၉၈ရ နှစ်ကုန်လောက်မှာ ၀ါရှင်တန်ဒီစီကိုရောက်ခဲ့ရပြီး (၈၈၈၈) လူထုအုံကြွမှုကြီးမှာ ကျောင်းသားနဲ့ လူထုကို စစ်တပ်က မတရား ပစ်တာခတ်တာတွေကို မြင်တွေ့ရတော့ မခံချင်စိတ်နဲ့ ခံစားနေရတဲ့အချိန် ကိုတွတ်က ၀င်ကူပါကွာဆိုတာနဲ့ ကိုတွတ်ရဲ့အဖွဲ့မှာ ၀င်ကူခဲ့ရတယ်။ ကျောင်းက အောင်ပြီး ဘာမှမကြာသေး၊ မိန်းမနဲ့ ကွဲပြီးကာစ၊ ဘ၀ကို ရုန်းကန်နေရချိန် မှာတောင် ဦးတင်မောင်ဝင်း (ကိုတွတ်) ရဲ့ စည်းရုံးမှုကို မငြင်းနိုင်ခဲ့ဘူး။ ဒါကြောင့် ဦးတင်မောင်ဝင်း (ကိုတွတ်) ကို အတိုင်းအတာတခုအထိ သိခွင့်ရခဲ့တယ်လို့ ဆိုနိုင်ပါတယ်။
    ဗမာပြည်လွတ်လပ်ရေးတိုက်ပွဲကာလ ကွန်မြူနစ်၊ ဆိုရှယ်လစ်ဆိုတဲ့ ၀ါဒတိုက်ပွဲတွေ ပြင်းထန်နေချိန်မှာ ဗိုလ်ချုပ်အောင်ဆန်းဟာ ၀ါဒအရေးကို ဦးစားမပေးဘဲ အမျိုးချစ်စိတ်ကို အားယူပြီး (တိုင်းပြည်လွတ်လပ်ရေး) ကိုပဲ ရည်စူးပြီး တိုက်ပွဲဝင်ခဲ့တဲ့အတွက် အားလုံးကို တော်လှန်ရေးမှာ ပါဝင်လာအောင် ဆွဲဆောင်နိုင်ခဲ့တယ်။ ထို့နည်းတူစွာပဲ ဦးတင်မောင်ဝင်းရဲ့ တခုတည်းသော ရည်မှန်းချက်ဟာ စစ်အာဏာရှင်ပြုတ်ကျရေး၊ ဒီမိုကရေစီရရှိရေးပဲ။ ဒါကြောင့် ဆိုရှယ်လစ်နဲ့လည်း တည့်တယ်၊ ကွန်မြူနစ်နဲ့လည်း တည့်တယ်။ လက်ယာနဲ့လည်း တည့်တယ်၊ လက်ဝဲနဲ့လည်း တည့်တာပဲ။ စစ်အာဏာရှင်ကို ဆန့်ကျင်သမျှ လူအားလုံးနဲ့ တည့်အောင်ပေါင်းနိုင်တယ်။ စည်းရုံးနိုင်တယ်။
    နောက်တခု သတိပြုသင့်တာက ဦးတင်မောင်ဝင်းဟာ စစ်အာဏာရှင်စနစ်ကို သစ္စာရှိရှိ ဆန့်ကျင်ပေမယ့် စစ်ခေါင်းဆောင်တွေကို ပုဂ္ဂိုလ်ရေးမတိုက်ခဲ့ဘူး။ စနစ်ကို တိုက်တာ၊ လူကို တိုက်တာ မဟုတ်ခဲ့ဘူး။ စစ်အာဏာရှင်စနစ် တည်ရှိနေသေးသရွေ့ ဗိုလ်ချုပ်သန်းရွှေပြီးရင် စစ်အာဏာရှင် နောက်ထပ်တယောက် ပေါ်လာဦးမှာပဲ။ အတိုက်အခံတွေ အများအားဖြင့်ဟာ (လူ) ကို တိုက်ကြရင်း (စနစ်) ကို တိုက်ရမှာဆိုတာကို သတိလျော့ကုန်ကြတယ်လို့ ခံစားရမိတယ်။ ဦးတင်မောင်ဝင်းကို စံနမူနာယူပြီး (စနစ်) ကို တိုက်ရမှာဆိုတာကို သတိရှိသင့်ကြတယ်။
    နိုင်ငံရေးသမားပီသတဲ့ နောက်တချက်က မိမိကသာ ပုဂ္ဂိုလ်ရေး မတိုက်ခိုက်သည်မဟုတ်၊ မိမိကို ပုဂ္ဂိုလ်ရေး တိုက်ခိုက် လာရင်တောင် သည်းညည်းခံနိုင်စွမ်းရှိတယ်။ ဦးတင်မောင်ဝင်းဟာ ရန်သူအလွန်နည်းပါတယ်။ ငွေရေးကြေးရေး မှာလည်း ကိုယ်ကျိုးမရှာရုံမက ရှိတာအကုန်ပုံအောမယ်၊ မရှိရင်တောင် ချေးပြီး နိုင်ငံရေးလုပ်မယ့် လူစားမျိုး။ ဒါတောင် နယူးယောက်က လူတဦးဟာ ပုဂ္ဂိုလ်ရေးစွပ်စွဲမှုတွေနဲ့ တိုက်ခိုက်လာတယ်။ ကျနော်က ပါးရိုက်ရင် နားကိုက်မယ်ဆိုတဲ့ လူစားမျိုး၊ ငယ်လည်း ငယ်တော့ ဆတ်ဆတ်ကြဲ မခံနိုင်ဘူးပေါ့။ ကိုယ်လူကြီးဖြစ်လာမှ အသိတရားပိုရှိလာမှ ဦးတင်မောင်ဝင်းရဲ့ ခန္တီပါရမီရှိမှုကို ပိုလေးစားလာမိတယ်။
    နောက်အတုယူစရာအချက်က ဦးတင်မာင်ဝင်းဟာ လူတွေကို နှိမ့်ချတဲ့အမြင်နဲ့ မကြည့်တတ်ဘူး။ ဒါကြောင့် ခွင့်လွှတ်နိုင်စွမ်း၊ သည်းညည်းခံနိုင်စွမ်းရှိတယ်။ ကျနော်ဟာ ဦးတင်မောင်ဝင်းနည်းတူ နိုင်ငံရေးမိသားစုမှာ မွေးဖွားခဲ့တာကြောင့် ကျနော်တို့ဟာ ငယ်စဉ်ကတည်းက နိုင်ငံရေးဆွေးနွေးပွဲတွေ၊ နိုင်ငံရေးလှုပ်ရှားမှုတွေကြားမှာ ကြီးပြင်းလာခဲ့ကြရတယ်။ ဒါကြောင့် နိုင်ငံရေး နားရည်ဝနေကြရတယ်လို့ ဆိုနိုင်ပါတယ်။ ကျနော်ရဲ့အားနည်းချက်က နိုင်ငံရေးနားမလည်ဘဲ ပေါက်တတ်ကရလေးဆယ် လျှောက်ပြောနေရင် ကျနော် သည်းညည်းခံနိုင်စွမ်းမရှိဘူးလို့ ဆိုရပါမယ်။ စိတ်မရှည်ချင်တော့ဘူး။ ကွန်မြူနစ်မျက်စိနဲ့ကြည့်ရင် (ဘူဇွာ) စိတ်ဓာတ်လို့ အဓိပ္ပာယ်ကောက်ကြလိမ့်မယ် ထင်ပါတယ်။ ပညာတတ်ညာဉ်၊ ပညာတတ်ဘ၀င်လည်း ပါမယ်ထင်ပါတယ်။ ပညာတတ်တွေရဲ့အကျင့်တခုက တပါးသူကို အထင်သေးတတ်တယ်။
    တခါက လူယောက်က သူတို့အမေရိကန်ပြည်မှာ ဆန္ဒပြနေတာကြောင့် နအဖစစ်အစိုးရ ပြုတ်ကျတော့မယ် စောင့်ကြည့်ပါဆိုပြီး အတည်ကြီး တင်ပြဆွေးနွေးလာတယ်။ ကျနော် အတော်စိတ်ညစ်သွားတယ်။ ကောင်းတာပေါ့ဆိုပြီး ကျနော် စကားဖြတ်ပြီး ထပြန်လာခဲ့တယ်။ အမှန်က ကျနော် မှားတယ်။ ဦးတင်မောင်ဝင်းသာဆိုရင် သူ့အဆင့်ကို လိုက်ဆင်းသွားပြီး စိတ်ရှည်ရှည်နဲ့ နားထောင်မယ်၊ ဆွေးနွေးမယ်၊ ပွဲသိမ်းရင် လည်ပင်းဖက်ပြီးသားဖြစ်နေပြီ။
    နိုင်ငံခြားသားဖြစ်စေ၊ ဗမာနိုင်ငံသားဖြစ်စေ၊ ဦးတင်မောင်ဝင်း စည်းရုံးနိုင်တာကို ကျနော် အပြန်ပြန်အလှန်လှန် သုံးသပ်ကြည့်တယ်။ ဦးတင်မောင်ဝင်းဟာ သူ့ရဲ့ယုံကြည်ချက်ကို တင်ပြရာမှာ ရိုးသားမှုရှိတယ်။ အင်္ဂလိပ်လိုပြောရရင် Honest ဖြစ်တယ်။ Sincere ဖြစ်တယ်။ ငါ့အတွေးသာ မှန်ရမယ်ဆိုတဲ့ ပညာတတ်မာနမပါဘူး။ နှိမ့်ချမှုပါတယ် humble ဖြစ်တယ်။ ဒါ ဗိုလ်ချုပ်အောင်ဆန်း ကျင့်သုံးသွားတဲ့ လမ်းစဉ်ပဲ။ လွယ်တော့ မလွယ်လှဘူး။ သို့သော် အတုယူဖို့ကောင်းတယ်။ ဒီနေရာမှာ အဓိကကျတဲ့ အချက်တခုရှိသေးတယ်၊ (ဟန်မဆောင်ဘူး)။
    ဗမာ့နိုင်ငံရေးလောကမှာ လူအများစုဟာ လူတွေအထင်ကြီးအောင် ဟန်ဆောင်လိုတတ်ကြတယ်။ ငါဖတ်ထားတယ်။ ငါသိတယ်။ ငါတတ်တယ်။ ငါဘာလုပ်ခဲ့တယ်ပေါ့။ အပိုလေးတွေတောင် ထပ်ဆင့်လိုက်ချင်ကြတယ်။ ဦးတင်မောင်ဝင်းကို ကျနော် ထိတွေ့ခဲ့ရတဲ့ ကာလတလျှောက်လုံး လူအထင်ကြီးအောင် ဟန်ဆောင်ခဲ့တာ တခါမှမမြင်ခဲ့ရပါ။ ဒါကြောင့် ရဲဘော်အချင်းချင်းရဲ့ ယုံကြည်မှုကို ရရှိခဲ့ရတယ်။ အထူးသဖြင့် တိုင်းရင်းသားခေါင်းဆောင်တွေရဲ့ ယုံကြည်အားကိုးမှုကို ရရှိခဲ့ရတာကြောင့် DAB (Democratic Alliance of Burma) ကို စတင်တည်ထောင်ခဲ့တဲ့အထဲမှာ ပါခဲ့ပြီး DAB ရဲ့ အထွေထွေအတွင်းရေးမှူး ဖြစ်ခဲ့တာပေါ့။
    ဦးတင်မောင်ဝင်းဟာ ၎င်းရဲ့ဖခင်ကြီး ဦးဝင်းနည်းတူ (မူ) ပေါ်မှာရပ်ပြီး နိုင်ငံရေးလုပ်ခဲ့တာကြောင့် (မူ) ပေါ်ရပ်တဲ့ နိုင်ငံရေးသမားတွေကို လေးစားတာ၊ အာဃာတမရှိတာဟာ အတုယူစရာပါပေပဲ။ ဦးတင်မောင်ဝင်းရဲ့ဖခင် ဦးဝင်းနဲ့ ကျနော်ရဲ့ဖခင် ဦးကျော်ငြိမ်းတို့ဟာ တချိန်က ဖဆပလအတွင်းမှာ အားပြိုင်ခဲ့ကြတယ်။ ဦးကျော်ငြိမ်းနဲ့ ပဋိပက္ခကြောင့် ၀န်ကြီးချုပ် ဦးနုက ဦးဝင်းကို အမေရိကန်ပြည်ကို သံအမတ်အဖြစ် ရှောင်နေဖို့ တိုက်တွန်းခဲ့တယ်လို့ ဦးတင်မောင်ဝင်းက ရေုးပြခဲ့ပါတယ်။
    တချိန်က နိုင်ငံရေးပြိုင်ဘက်တွေ ဖြစ်ခဲ့ကြပေမယ့် ဘ၀တူ စစ်တပ် (ဗိုလ်ချုပ်နေ၀င်း) ရဲ့ နှိပ်စက်မှုတွေကို အတူတူခံကြရတော့ ဘယ်သူဟာ (မူ) ပေါ်မှာရပ်သလဲ၊ ဘယ်သူဟာ ယုံကြည်ချက်နဲ့ နိုင်ငံရေးလုပ်သလဲဆိုတာ အဖြေပေါ်လာတာပါပဲ။ ဒါတွေကို အပြင်လူတွေ သိခွင့်ရအောင် တင်ပြခဲ့တဲ့အတွက် ဦးတင်မောင်ဝင်းကို ကျေးဇူးတင်မဆုံးပါ။ ဦးတင်မောင်ဝင်းရဲ့ အလေးစားဆုံး နိုင်ငံရေးသမားတွေအထဲမှာ ဦးကျော်ငြိမ်း ထိပ်က ပါဝင်ကြောင်း ရေးပြခဲ့တဲ့အတွက်လည်း သားတယောက်အနေနဲ့ ဂုဏ်ယူမိပါတယ်။
    (မူ) ပေါ်ရပ်ခဲ့ကြတဲ့ ဦးတင်မောင်ဝင်းတို့ သားအဖကိုလည်း ကျနော်ရဲ့ဖခင်ကြီးဟာ များစွာလေးစားပါကြောင်း သိစေချင်ပါတယ်။ ဦးဝင်းတို့အဖွဲ့ကို စစ်တပ်က တောနင်းလိုက်နေကြောင်း သတင်းများ ကြားရစဉ် ကျနော့်ရဲ့ ဖခင်ကြီးဟာ ရင်တမမဖြစ်နေပြီး ဦးဝင်း နှလုံးရောဂါကြောင့် အသက်ဆုံးရကြောင်း သိရတဲ့အခါ ယူကျုံးမရဖြစ်ရပါတယ်။
    နိုင်ငံရေးမှာ (မူ) ဟာ အရေးကြီးတယ်ဆိုတာကို သတိပြုစေချင်တာပါ။
    ဦးတင်မောင်ဝင်းမှာ ကံကောင်းတာတခုရှိပါတယ်။ လောကမှာ မောင်တထမ်း မယ်တရွက်ဆိုသလို ဦးတင်မောင်ဝင်းရဲ့ဇနီး ဒေါ်ခင်မျိုးအေး (မဘေဘီ) ဟာ လွန်စွာအနစ်နာခံရရှာတယ်။ သည်းညည်းခံရရှာတယ်။ ကျနော်က မျက်မြင်ကိုယ်တွေ့ပါ။ အိမ်နောက်ကို မပူရတာကြောင့် ဦးတင်မောင်ဝင်းဟာ နိုင်ငံရေးအတွက်ဆို အရာရာကို စွန့်နိုင်ခဲ့တာပေါ့။
    ဒီဘက်ခေတ်မှာ ဦးတင်မောင်ဝင်းလို နိုင်ငံရေးသမားစစ်စစ်တွေဟာ ရှားပါးထုတ်ကုန်ဖြစ်နေရပြီ။ ပရောဂျက်နိုင်ငံရေးတွေက ရှေ့တန်းနေရာရလာတာကိုး။ နိုင်ငံရေးဆုတ်ခေတ်လို့ ခေါ်လို့ရမယ်ထင်ပါတယ်။ ဒါကြောင့် ခေတ်လူငယ်လေးတွေကို နိုင်ငံရေး (စံ) နမူနာတင်ပြပြီး အတုယူစေချင်တဲ့ စေတနာပါ။ ကျနော် မှားခဲ့ဖူးသလိုလည်း မဖြစ်စေချင်လို့ပါ။
    အမှန်အတိုင်း အရိုးသားဆုံးဝန်ခံရရင် ကျနော် ဦးတင်မောင်ဝင်းနဲ့ ထိတွေ့ခွင့်ရခဲ့ပေမယ့် ဦးတင်မောင်ဝင်းရဲ့ တန်ဖိုးအစစ်ကို အစကမသိခဲ့ဖူး။ အကြောင်းရင်းက ကျနော် နိုင်ငံရေးအရည်အချင်း မပြည့်ဝသေးလို့ပါ။ ကိုယ်ဘက်က အသိတရားမြင့်လာတော့ ဦးတင်မောင်ဝင်း မရှိတော့ဘူး။ ခုမှ မေးချင်တာတွေ ရင်မှာ အပြည့်ရှိပေမယ့် နောက်ကျသွားပြီ။
    ထို့နည်းတူစွာပဲ ဦးယူဂျင်းသိုက် ဖိတ်ခေါ်တုန်းက အချိန်ပေး ဆွေးနွေးရကောင်းမှန်း မသိခဲ့ဘူး။ ပညာတတ်မာနလည်း ပါပါတယ်။ တန်ဖိုးသိတော့ နောက်ကျသွားပြီ။
    နိုင်ငံရေးမှာ အခွင့်အရေးပေးတုန်း မယူတတ်ရင် နောက်ကျသွားတတ်ပါတယ်။ လေ့လာမှုအားနည်းရင်လည်း ရှေ့မှာ ရတနာ ခဲကြီး ချထားဦး၊ ကျောက်ခဲလို့ပဲ ထင်နိုင်ပါတယ်။ ဒါကြောင့် မိမိတို့ရဲ့နောက်ခံ ဗဟုသုတနဲ့ လေ့လာအားကို ဖြည့်ဆည်းထား သင့်တယ်လို့ ယူဆလို့ပါ။
    ဒီဘက်ခေတ်မှာ လူငယ်တချို့ဟာ နည်းနည်းလေး ဖတ်မိတာနဲ့ ငါတတ်ပြီလို့ ထင်မိတာတို့၊ မစို့မပို့ နိုင်ငံရေးလေးလုပ်မိတာနဲ့ ငါ နိုင်ငံရေးသမားကြီးဖြစ်သွားပြီလို့ ထင်နေတာတွေကို တွေ့မြင်နေရတယ်။ ဦးတင်မောင်ဝင်းတို့ ဖြတ်သန်းခဲ့ရတဲ့ အခက်အခဲ ဘ၀လမ်းကို ဖတ်မိလို့ လေးလေးနက်နက် တွေးမိရင် နိုင်ငံရေးသမားယောက်ရဲ့ဘ၀မှန်ကို သိမြင်စေချင်တယ်။ ဦးတင်မောင်ဝင်းကို အတုယူပြီး လေးနက်စေချင်တာ စေတနာပါ။ ဦးတင်မောင်ဝင်းကို အတုယူပြီး ကျနော်ကိုယ်တိုင်လည်း အသိတရား တိုးပွားခဲ့ရပါတယ်။
    ဦးတင်မောင်ဝင်း ဆုံးတဲ့အချိန်တုန်းက ကျနော့်ဘ၀ဟာ American Inc လို့ခေါ်ကြတဲ့ ကော်ပရိတ်ကြားမှာ ရုန်းကန်နေရချိန်ပါ။ တနေ့ (၄) နာရီ ပြည့်အောင်ပင် မအိပ်နိုင်ပါ။ မိုးလင်းက မိုးချုပ် အလုပ်နဲ့ ပိနေချိန်၊ လူသားသဘာဝ လောဘတက်နေချိန် ဆိုလည်း မမှားပါဘူး။ ဒါကြောင့် ကျနော် တာဝန်မကျေခဲ့မိဘူး။
    ဦးတင်မောင်ဝင်းနဲ့ မဘေဘီကို ဒီနေရာကနေ တောင်းပန်ပါရစေ။
    ခေတ်အဆက်ဆက် တိုက်ခဲ့ကြပေမယ့် ကျနော်တို့ ဗမာနိုင်ငံ (Burma) မှာ စစ်အာဏာရှင်စနစ်ဆိုးဟာ သက်ဆိုးရှည်လျက်ပဲ။ အကြောင်းရင်းက ညီညွတ်မှုမရှိတာရယ်၊ တကိုယ်တော် ကျော်ကြားချင်တဲ့ စိတ်တွေရယ်၊ ကိုယ်အားကိုယ်ကိုးချင်စိတ် နည်းပါးတာတွေကြောင့်လို့ ထင်မိတယ်။ အရင်းထပ်စစ်ရင် (နိုင်ငံရေး) ကောင်းကောင်းနားမလည်ကြလို့ပဲ။
    နိုင်ငံရေးဆိုတာ တဦးတည်း လုပ်လို့မရပါ။ အများနဲ့သာ လုပ်ရပါမယ်။ ဒါမှ အင်အားကို ဖော်ထုတ်နိုင်မှာပါ။ ဒါကြောင့် ဦးတင်မောင်ဝင်းကို စံနမူနာယူပြီး နိုင်ငံရေးသမားပီသတဲ့ နိုင်ငံရေးသမား များများပေါ်ထွန်းပါစေလို့ ဆုတောင်းလိုက်ပါတယ်။
    ကိုတွတ်ရေ … ခင်ဗျား သက်ရှိထင်ရှားရှိစဉ်က ခင်ဗျားတန်ဖိုးကို ခုလောက် နားမလည်ခဲ့တာကို ခွင့်လွှတ်ပါ။ တနေ့တော့ ကျနော်တို့နိုင်ငံ လွတ်လပ်ပြီး ကမ္ဘာမှာ အရင်တချိန်ကလို မော်ကြွားဂုဏ်ယူနိုင်ကြဦးမှပါ။ ခင်ဗျား ယုံခဲ့သလို ကျနော်တို့လည်း ယုံကြည်လျက်ပါ။
    အစရှိရင် အဆုံးဆိုတာ ရှိစမြဲပါ။ ။
    ခေတ်ပြိုင်မှ ကူးယူဖော်ပြသည်။
    Monday, December 14, 2009
    ကျနော်၏ ဘလော့မိတ်ဆွေ စာပေ၀ါသနာပါသူများ အတွက်အောက်မှာ links လေးတွေဖော်ပြပေးလိုက်ပါတယ်။
    ကြိုက်နှစ်သက်ရာ စာအုပ်များကို download ယူပြီးဖတ်ရှုနိုင်ပါတယ်ခင်ဗျာ။ အွန်လိုင်း မိတ်ဆွေကြီးတယောက်ရဲ့
    ကောင်းမှုပါ။
    ကိုစံ _ ခန္ဓာငါးပါးပျောက်ဆုံးခြင်းတရား
    ကိုတာ _ တွေးသူများ
    ကိုတာ + _ လူငယ်တို့ရဲ့ အနာဂါတ်စကားဝိုင်း
    ကိုဘတင် _ နက္ခတ္တ ဒီပနီကျမ်း
    ကင်းဝန်မင်းကြီး _ နေမိ ရကန်
    ကျီးသဲလေးထပ်ဆရာတော် _ စွယ်စုံကျော်ထင်ကျမ်း
    ကြည်ကြည်မာ _ ဟယ်ရီပေါ်တာနှင့် အက်ဇခါဘန်အကျဉ်းသား
    ကျွန်းပြန်ရဲဘော်တစ်ချို့ _ အမြင့်ပျံလင်းယုန်အားဂုဏ်ပြုခြင်း
    ခင်ဆွေဦး _ စစ်ကိုင်းသမီး ဒိုင်ယာရီချစ်ဦးညို _ စက္ကရုနှင့်ဘဒ္ဒါ
    ချစ်ဦးညို _ ရုက္ခစိုးမယားနဲ့အခြားပြိတ္တာများဂျာနယ်ကျော် ဦးချစ်မောင် _ သူ
    ငွေကြည် _ ကြွကြွရွရွ ဟာသ
    ငွေကြည် _ တိုတိုထွာထွာ ဟာသ
    ငွေကြည် _ ပြည့်ပြည့်၀၀ ဟာသ
    ငွေကြည် _ မက်မပြေဟာသ
    ငွေကြည် _ လူတိုင်းကြိုက်တဲ့ဟာသ
    ငွေကြည် _ အူလှိုက်သည်းလှိုက်ဟာသ
    စံဇာဏီဘို _ အချစ်ဗေဒင်
    စံဇာဏီဘို _ အချစ်လက္ခဏာ
    စိုးနေလင်း _ ဒေါက်တာစင်သီယာမောင် သို့မဟုတ် အရိပ်ကောင်းသောသစ်တစ်ပင်
    စိန်စိန် _ ရွှေရောင်ညနှင့်အခြားဝတ္ထုတိုများ
    ဆရာဘေ _ ဇမ္ဗုပတိမင်းချွတ်ခန်းဝတ္ထု
    ဆန်းလွင် _ ကမ္ဘာ့တွေးခေါ်ရှင်ကြီးများ , ၀င်းလိုက်ပုံနှိပ်တိုက် , ရန်ကုန် , ၁၉၉၉ ဇန္န၀ါရီ
    ဆန်းလွင် _ ဖြစ်တည်ခြင်းပဓါန၀ါဒ နှင့် လူသားပဓါန၀ါဒ
    ဆန်းလွင် _ ရတနာသုံးပါးကိုယုံကြည်ကိုးကွယ်လူသူ တစ်ယောက်အကြောင်း
    ဆွေမင်း. ဓနုဖြူ _ ဘ၀တစ်ခုအမှတ်ရ
    ဇ၀န _ ကားထဲကမိန်းကလေး
    ဇ၀န _ ကျွန်တော့်လင်
    ဇ၀န _ ဆိုးပေ ၁ , မယာမီဒီယာပုံနှိပ်တိုက် , ရန်ကုန် , ၂၀၀၀ မေလ
    ဇ၀န _ ဆိုးပေ ၂
    ဇ၀န _ ဆိုးပေ ၃
    ဇ၀န _ သူပုန်ကြီး
    ဇေယျ _ ဇေယျ စာတန်း , ညွှန့်ဋ္ဌေးစာပေတိုက် , ရန်ကုန် , ၁၉၆၅
    ဇေယျ _ မြန်မာမျက်ပွင့်
    ဇော်ဂျီ _ ညီသစ်ဆင်းကဗျာစု , အင်ကြင်းဦးပုံနှိပ်တိုက် , ရန်ကုန် , ၂၀၀၃ ဧပြီ
    ဇင်သန့် _ စာဖတ်ခြင်း ၁
    ဇင်သန့် _ စာဖတ်ခြင်း ၂
    ဇင်သန့် _ စာဖတ်ခြင်း ၃
    ညာဏ၀ံသ _ ဂဗ္ဒလီလာကြဏ်း , ဟံသာဝတီသတင်းစာတိုက် , ရန်ကုန် , ၁၈၉၉
    တိုးထက် _ မြန်မာပြည်အရပ်ရပ်မှလူဝင်စားမျာ
    တက္ကသိုလ်ဘုန်းနိုင် _ ညီမလေးရယ်စိုးရိမ်မိတယ်
    တက္ကသိုလ်ဘုန်းနိုင် _ ပညာရဲ့သဘော
    တင်မိုး _ ဖလ်မီးအိမ်
    တင်မောင် _ တိုင်းပြည်ကနုနု မုန်တိုင်းက ထန်ထန်
    တိုက်စိုး _ ပညာသိုက်
    ထူးဆွေအောင် _ ဗြောစည်တီး၍လှူလိုက်သည်
    ထူးဆွေအောင် _ မကြောက်ဖူးလို့ဆို
    ထူးဆွေအောင် _ မပျော်ရင်ကော
    ထူးဆွေအောင် _ မန်ကျည်းပင်တန်းရဲ့မီဒီယာ
    ထူးဆွေအောင် _ မြင်းမိုရ်တောင်ထိပ်မှသဲပွင့်ကလေးများ
    ဒဂုန်ရွှေမျှား _ ကမ္ဘာမြေအောက်ခရီး
    ဒဂုန်ရွှေမျှား _ ငယ်ကချစ်အနှစ်တစ်ရာနှင့်လက်ရွေးစင်ဝတ္ထုများ
    ဒဂုန်ရွှေမျှား _ စောရသက်ပြင်းနှင့်အခြားဝတ္ထုတိုများ
    ဒဂုန်ရွှေမျှား _ နီနီလေး
    ဒဂုန်ရွှေမျှား _ မေ၀ါ၏ကလဲ့စား
    ဒဂုန်ရွှေမျှား _ ရုပ်ထုကျိန်စာ
    ဒဂုန်ရွှေမျှား _ ရွှေစင်နတ်ဘုရား
    ဒေါ်အောင်ဆန်းစုကြည် _ ကြောက်ရွံ့ခြင်းမှ လွတ်ကင်းရေး
    ဒေါ်အောင်ဆန်းစုကြည် _ မြန်မာပြည်ကလာတဲ့စာ
    ဒေါက်တာတိုးလှ _ ကုန်းဘောင်ရွှေပြည်
    ဒေါက်တာဘမော် _ ဗမာ့လက်ငင်း-လွတ်လပ်ရေး
    ဒေါက်တာမင်းတင်မွန် _ တော်ကူးဆရာတော် ဘ၀ဆည်းဆာနှင့် ကျင့်စဉ်တရား
    ဒေါက်တာမင်းတင်မွန် _ ဗုဒ္ဓဘာသာစာရိတ္တပညာနှင့်ကျင့်ဝတ်များ
    ဒေါက်တာမင်းတင်မွန် _ ဗုဒ္ဓ၀ါဒနှင့်ခေတ်သစ်ဘဝ
    ဒေါက်တာမင်းတင်မွန် _ ဗုဒ္ဓအဘိဓမ္မာအနှစ်ချုပ်
    ဒေါက်တာမင်းတင်မွန် _ ဘ၀ကိစ္စနှင့်ဘ၀ပန်းတိုင်
    ဒေါက်တာမင်းတင်မွန် _ ဘ၀ချမ်းသာရေး
    ဒေါက်တာမင်းတင်မွန် _ ဘ၀ဖန်တီးရှင် ကံတရား
    ဒေါက်တာမင်းတင်မွန် _ ဘ၀လမ်းနှစ်သွယ်
    ဒေါက်တာမင်းတင်မွန် _ ဘ၀ရည်မှန်းချက်နှင့်ဘ၀ပန်းတိုင်
    ဒေါက်တာမင်းတင်မွန် _ ဘ၀လွတ်မြောက်ရေးနှင့်အရိယသစ္စာ
    ဒေါက်တာမင်းတင်မွန် _ ဘ၀အောင်မြင်ရေးသို့ရှေးရှုကြ
    ဒေါက်တာမင်းတင်မွန် _ ရှေးဘ၀နောက်ဘ၀ သိပ္ပံနည်းကျအထောက်အထားများ
    ဒေါက်တာမင်းတင်မွန် _ အကောင်းဆုံးဘ၀လမ်းညွှန်မှု
    ဒေါက်တာမင်းတင်မွန် _ အမြတ်ဆုံးပန်းတိုင်ဧကန်ပိုင် ဒုတိယတွဲ
    ဒေါက်တာအရှင်ပညိဿရ _ တရားချစ်တဲ့သူ
    ဒေါက်တာအရှင်ပညိဿရ _ လိုအင်ဆန္ဒတွေပြည့်ပါစေ
    နီကိုရဲ _ ကျွန်တော်နှင့်ဈေးသည်အလွဲများ
    နီကိုရဲ _ ဇက်ပေါ်ကဆီးသီး
    နီကိုရဲ _ လွယ်အိတ်ထဲကအလွဲများ
    နီကိုရဲ _ သံစုံကြူးတဲ့ည
    နေလင်း _ လူရှင်သင်္ချိုင်းများအကြောင်း
    နတ်နွယ် _ တဖန်ပြန်၍မနိုးသောဝေဒနာ
    နိုင်ပန်းလှ _ ရာဇဓိရာဇ်အရေးတော်ပုံကျမ်း
    ပုညခင် _ ယောက်ျားတစ်ယောက်ရဲ့ဖြစ်တည်မှု
    ဖေမြင့် _ ဘေဘီလုံမှာအချမ်းသာဆုံးပုဂ္ဂိုလ်
    ဖျာပုံတိုက်သစ်ဆရာတော် _ သုတေသနသရုပ်ပြအဘိဓာန် ၂၀၀၇
    ဗဂျီအောင်စိုး _ စာမဲ့ကဗျာ
    ဗားကရာဆရာတော် _ အဘိဓမ္မတ္ထသင်္ဂဟ ပါဌ်နိဿယ
    ဘခိုင် _ ဂျာမဏီအတွင်းရေး
    ဘလော်ဂါနှင့် ကဗျာဆရာ/မများ _ ကောင်းကင်များ၏အတ္ထုပ္ပတ္တိ
    ဘုရားသားတော် _ သာသနာ့လွတ်လပ်ရေးတိုက်ပွဲနှင့် ဝိနည်းဓိုရ်ဖန်တီးရေးဥပဒေ(မူကြမ်း)
    ဘန္ဒန္တကိတ္တိသာရ ဓမ္မဒဿနသြ၀ါဒများ
    ဘဒ္ဒန္တကိတ္တိသာရ _ ဗုဒ္ဓညွှန်ကြား မသေဆေးတရား
    ဘဒ္ဒန္တဇာဂရာဘိဝံသ _ နာဂလိုဏ်ဂူ အဓိဋ္ဌာန်ကျင့်စဉ်နှင့် လယ်တီဝိပဿနာ
    ဘဒ္ဒန္တဇာဂရာဘိဝံသ _ လယ်တီဝိပဿနာ အမှတ် ၃
    ဘဒ္ဒန္တဇာဂရာဘိဝံသ _ လယ်တီဝိပဿနာ အမှတ် ၎
    ဘဒ္ဒန္တဇာဂရာဘိဝံသ _ လယ်တီဝိပဿနာ အမှတ် ၅
    မစန္ဒာ _ ဂျီဟောသူ
    မစန္ဒာ _ ပုစ္ဆာ
    မ၀င်းမြင့် _ ရေပြာအိုင်မှဇာတ်လမ်းများ
    မဟာဗောဓိမြိုင်ဆရာတော် _ ကဗျာ့နန်းတော်
    မေငြိမ်း _ သတင်းသမားသတိထားစရာ မြန်မာစာနှင့်စကားသံများ
    မိုးကုတ်ဆရာတော် _ သုညတ တရား ကြိုးစားပြီး ဟောရစ်ပါကွာတဲ့
    မိုးကုတ်ဆရာတော် _ သစ္စာ၎ပါးတရားတော်
    မိုးကုတ်ဆရာတော် _ ဇော၇ကြိမ်အကျိုးပေးပုံ.ကပ်ကျော်တရားတော်
    မိုးကုတ်ဆရာတော် _ စူဠဝေဒလ္လသုတ်-၀ိသာခနှင့် ဓမ္မဒိန္နာအမေးအဖြေများ
    မိုးကုတ်ဆရာတော် သောတာပန်ဖြစ်ဖို့နှစ်ချက်-ဝေဒနာဝိပဿနာရှုနည်း
    မိုးမိုး _ ဝေဒနာကြာနီပွင့်
    မိုးမိုး _ သိက္ခာရှိတဲ့မုန့်ဟင်းခါး
    မင်းမြတ်သူရ _ ဆားပုလင်းမင်းအောင်နှင့်ပန်းကိုးပွင့်ဒေ၀ီ
    မင်းမြတ်သူရ _ ရွှေချမ်းသာ ငွေချမ်းသာ
    မင်းလူ _ ချစ်မြားရှင်အစ ချစ်မြားရှင်အဆုံး
    မင်းသိင်္ခ _ ဆားပုလင်းနှင်းမောင်နှင့် ပျားစွဲသောမုတ်ဆိတ်
    မင်းသိင်္ခ _ ဆားပုလင်းနှင်းမောင်နှင့်မြိုင်မဟာမမြလေး
    မင်းသိင်္ခ _ ပေတလူ
    မင်းသိင်္ခ _ ပုဏ္ဏားဘကွန်း ၁
    မင်းသိင်္ခ _ ပုဏ္ဏားဘကွန်း ၂
    မင်းသိင်္ခ _ ဖြစ်ချင်တာဖြစ်မောင်ဘချစ် ၁
    မင်းသိင်္ခ _ ဖြစ်ချင်တာဖြစ်မောင်ဘချစ် ၂
    မင်းသိင်္ခ _ မနောမယထမင်းဝိုင်း
    မင်းသိင်္ခ _ မိုးနဲ့အတူ
    မင်းသိင်္ခ _ မြေလျှောက်ဝိဇ္ဖာရွှေမြသာ ၁
    မင်းသိင်္ခ _ မြေလျှောက်ဝိဇ္ဖာရွှေမြသာ ၂
    မင်းသိင်္ခ _ မြေလျှောက်ဝိဇ္ဖာရွှေမြသာ ၃
    မင်းသိင်္ခ _ ရေမျှောကမ်းတင်အောင်ဗဒင်
    မောင်စိန် _ ဘဏ်ငွေစက္ကူတန်ဖိုး
    မောင်ထင် _ ဗမာ့နိုင်ငံရေးသုခမိန်
    မောင်ထွန်းသူ _ အိုဟင်နရီ၏၀တ္ထုတိုများ
    မောင်ဒီ _ အင်္ဂလိပ်အသံထွက်ကိစ္စ
    မောင်ထင် _ ယောမင်းကြီးဦးဖိုးလှိုင်နဲ့ ရာဇဓမ္မသင်္ဂဟကျမ်း
    မောင်ပေါ်ထွန်း _ သေပြေးရှင်ပြေး
    မောင်ဗိုလ်မွှေး _ မြန်မာ့ပုံတိုပတ်စများ
    မောင်ဘိုသစ် _ ကဗျာရေးနည်း နိသျည်း
    မောင်သာရ _ ကျဉ်တုတ်ခံဝံ့ မခံဝံ့
    မျိုးသူရ _ နေ့စဉ်သုံးအင်တာနက်. Everyday Internet
    မြသန်းတင့် _ နှစ် ၁၀၀ ကမ္ဘာ့စုံထောက်ဝတ္ထုတိုများ ၂
    မြတ်သူ _ ကိုရမ်အဘိဓါန် ၁
    မြတ်သူ _ ကိုရမ်အဘိဓါန် ၂
    မြန်န်မာသမားတော်ကြီးများ _ နှစ်ပေါင်း၂၀၀ မြန်မာ့ဆေးပညာ , သုဓမ္မာပုံနှိပ်တိုက် , ရန်ကုန် , ၂၈.၈.၁၉၇၁
    ရဝေနွယ် _ ရုပ်လှချင်ရင်
    ရဲကောင်းထက် _ ကမ္ဘာကို ကိုင်လှုပ်သူများ
    ရဲစတိုင်း _ ပြုံးပြီးမှရယ်
    ရန်ကုန်ဘဆွေ _ ရွှေဝါပြည်
    ရန်အောင် _ အိမ်ထောင်ရေးအဘိဓမ္မာ
    ရန်အောင်မောင်မောင် _ ထောင်တစ်သက်အတွေ့အကြုံ ,သီရိမေရောင်စုံပုံနှိပ်တိုက်, ရန်ကုန် , ၂၀၀၄ ဧပြီ
    ရွှေစကြာ _ ကုန်းဘောင်ပြင်သစ်
    ရွှေဘို မိမိကြီး _ အနာဂါရိကဓမ္မပါလ
    ရွှေဥဒေါင်း + ၅ _ စာရေးဆရာတို့၏ ပထမဆုံးလက်ရာမွန်များ
    ရွှေဥဒေါင်း _ အတွေးအမြင်နဲ့ရှုထောင့်
    လှပိုင် _ မဟာသကျသီဟဘုရားသမိုင်း , ၆.၂. ၁၉၆၄
    လယ်တီဆရာတော် _ နိုင်ငံခြားပုစ္ဆာ အဖြေပေါင်းချုပ်
    လယ်တီဆရာတော် _ လယ်တီဒီပနီပေါင်းချုပ် မြန်မာ-အင်္ဂလိပ် ၃ ကျမ်းတွဲ
    လယ်တီဆရာတော် _ လယ်တီနိဗ္ဗာန်တရားတော်များ
    လယ်တီဆရာတော် _ အဘိဓမ္မာပရမတ္ထသံခိပ်ကျမ်း သံပေါက်လင်္ကာ
    ဝေယံလင်းခေါင် _ သူတော်ငတေ၏ဂမ္ဘီရ၀တ္ထုတိုများ
    သတိုးတေဇ _ ကွယ်လွန်သူတို့ဝိညာဉ်
    သတိုးတေဇ _ သုဿန်မြေက မိစ္ဆာ
    သပြေကန်ဆရာတော် _ ဗောဇ္ဈင်ခုနှစ်ပါးတရားမြတ်ရတနာ
    သပြေကန်ဆရာတော် _ နိဗ္ဗာန်ချမ်းသာ တရားတော်များ
    သပြေကန်ဆရာတော် _ သပြေကန်တရားပေါင်းချုပ် အမှတ် ၁
    သပြေကန်ဆရာတော် _ သပြေကန်တရားပေါင်းချုပ် အမှတ် ၂
    သာ.ထွန်း.ပြန့် _ ဗုဒ္ဓဘာသာကောင်းတစ်ယောက်
    သာဓိန _ ဗေဒနီတိကျမ်း , မဟိန္ဒစာပုံနှိပ်တိုက် , ၁၉၃၀
    သာမဏအာဇာနီ _ မှန်
    သီလ၀ _ ဗုဒ္ဓအံတော်သမိုင်း
    သုခ _ ဂုဏ်ရည်မတူလို့လား
    သုခ _ မေတ္တသုတ်
    သုခ _သုခမှတ်စု
    သုခ _ သည်ဆောင်းဟေမန်
    သုမောင် _ မျိုးရိုးထဲမှ ဆိုးပေကြီးများ , ရန်ကုန်
    သုသုက _ အစွမ်းထက်ဂါထာတော်များနှင့်ဂမ္ဘီရဖြစ်ရပ်ဆန်းများ
    သင်္ဃဇာဆရာတော် _ ဥပါသကောဝါဒဋီကာကျမ်း , မြန်မာသံတော်ဆင့်ပုံနှိပ်တိုက် , ရန်ကုန် ,၁၂၄၂ ပဌမ၀ါဆိုလ
    သန်းမြင့်ဦး _ အချစ်ဘ၀နှင့် ငွေကြေးဆိုင်ရာနည်းဗျူဟာများ
    သောင်းထိုက် _ ပထ၀ီနိုင်ငံရေး
    သိပ္ပံမောင်ဝ _ စစ်အတွင်းနေ့စဉ်မှတ်တမ်း
    သိပ္ပံမောင်ဝ _ အဟိတ်..၀တ္ထုဇာတ်လမ်းများ
    သိပ္ပံမောင်ဝ _ အောက်စဖို့တက္ကသိုလ် ခရီးသွားမှတ်တမ်း
    သိန်းဖေမြင့် _ တက်ခေတ်နတ်ဆိုး
    အကြည်တော် _ ဆွေတစ်ရာ မောင်တစ်ကျိပ်
    အကြည်တော် _ ဇ
    အကြည်တော် _ တောသားကြီး
    အကြည်တော် _ နတ်နေကိုင်း
    အကြည်တော် _ ပိုးကောင်များ
    အကြည်တော် _ မိုးတိမ်ပုံပြင်
    အကြည်တော် _ သူတို့ပျော်ကြလေပြီ
    အကြည်တော် _ သဲလှည်း
    အကြည်တော် _ အချစ်သည် သက်တော်ရာကျော်ရှည်ပါစေသတည်း
    အကြည်တော် _ အိုင်အိုဒင်းကိုကိုကြီးနှင့်..
    အရှင်ကောဝိဒ _ တုနိုင်းမမှီ
    အရှင်ဃောသိတ _ မိုးကုတ်ဆရာတော်ဘုရားကြီး၏ တစ်ဘ၀သာသနာ
    အရှင်ဇနက-တိသရဏ၀ိဟာရ _ ဗုဒ္ဓဟောမြွက်တရားဦးဓမ္မစက်
    အရှင်ဇနကာဘိဝံသ _ ကိုယ်ကျင့်အဘိဓမ္မာ
    အရှင်ဇနကာဘိဝံသ _ ဓမ္မစကြာတရားတော်နှင့်အနတ္တလက္ခဏသုတ်တရားတော်
    အရှင်ဇနကာဘိဝံသ _ ရတနာ့ဂုဏ်ရည်
    အရှင်ဇနကာဘိဝံသ _ သိပ္ပံအမြင်နှင့် ဗုဒ္ဓအဘိဓမ္မာအမေးအဖြေများ
    အရှင်ဇနကာဘိဝံသ _ အခြေပြုပဋ္ဌာန်း
    အရှင်ဇနကာဘိဝံသ _ အနာဂတ်သာသနာရေး
    အရှင်ဆန္ဒာဓိက _ နှလုံးသားမိတ္တူ
    အရှင်ဆန္ဒာဓိက _ မိဘကျေးဇူးအကျေဆပ်နည်း
    အရှင်ဆန္ဒာဓိက _ လောက၌အကောင်းဆုံးသောအရာ
    အရှင်ဆန္ဒာဓိက _ သက်သတ်လွတ်နှင့်ကုသိုလ်စိတ်
    အရှင်ဆန္ဒာဓိက _ အချစ်ကံခေပေမဲ့အနှစ်ကျန်စေရမယ်
    အရှင်ဆန္ဓာဓိက _ အနှိုင်းမဲ့ကုသိုလ်
    အရှင်ဆန္ဓာဓိက _ အနှိုင်းမဲ့ရဟန်း
    အရှင်ဆန္ဓာဓိက _ အနိုင်းမဲ့ဘာဝနာ
    အရှင်ဆန္ဓာဓိက _ အနှိုင်းမဲ့အဖေါ်
    အရှင်ဆန္ဓာဓိက _ အနှိုင်းမဲ့အလှူ
    အရှင်ဆန္ဓာဓိက _ အနှိုင်းမဲ့ဥစ္စာ
    အရှင်မဟာသီလ၀ံသ _ ဓမ္မပါလပျို့ 
    အရှင်ရဋ္ဌသာရ _ ဂမ္ဘီသာရပျို့ စာကိုယ် , မြန်မာ့ယူနီယန်စာပုံနှိပ်တိုက် , ရန်ကုန် , ၁၂၈၉ ခုနှစ်
    အရှင်ဝါသေဋ္ဌာဘိဝံသ _ ဓမ္မချမ်းသာတွေ့အောင်ရှာ
    အရှင်သီဟာဘိဝံသ _ မေတ္တာဘာဝနာရှုဖွယ်ကျမ်း , ပြည်ကြီးမန်တိုင်စာပုံနှိပ်တိုက် , ရန်ကုန်
    အရှင်အဂ္ဂသမာဓိ _ နေမိမ္ဃစိုးခဏ်းပျို့ , ဟံသာဝတီသတင်းစာတိုက်,ရန်ကုန်,၁၉၀၀ ခုနှစ်
    အီကြာကွေး _ ငုတ်တုတ်ထင်ရှားရေးဖော်များ
    အေးသိန်း _ ရတနာဂီရိ မှ သီပေါမင်းအမှတ်တရ
    အောင်ကောင်း _ ချစ်သူမှာတမ်း
    အောင်ဝေး _ ခံစားမှုကထာ
    အောင်သင်း _ ကိုယ်တွေ့ စာစီစာကုံးများ
    အောင်သင်း _ မျိုးဆက်သစ်အတွက် ဂန္ဓ၀င်မိတ်ဆက်, Future Publishing House ,ရန်ကုန်,၂၀၀၂ စက်တင်ဘာ
    အောင်သင်း _ ရွှင်ရွှင်ပြုံးပြုံးစာစီကုံး
    အောင်သင်း _ သူတို့နဲ့ကျွန်တော်
    အောင်သင်း _ သေကိန်းဆိုက်တဲ့ညနှင့်အခြားဝတ္ထုတိုများ
    အောင်သင်း _ အမွေ
    အုတ်ဘိုဆရာတော် _ စွယ်တော်သျှောင်ရတု , ဟံသာဝတီသတင်းစာပုံနှိပ်တိုက် , ရန်ကုန်မြို့
    ဦးကုလား _ ရာဇ၀င်
    ဦးစက္ကိန္ဒ _ ဥာတပရိညာ
    ဦးနု _ တာတေစနေသား
    ဦးနု _ အာဇာနည်
    ဦးပညာ _ ကရင်ရာဇ၀င်ဦးဖိုးကျား _ ၃၇ မင်းဦးဘေ _ ၀ရုဏပျို့ 
    ဦးမောင်ကြီး _ ရေငံပိုင်ဦးရှင်ကြီးနတ်ဖြစ်ပြဇာတ်သစ် ပထမတွဲ